K pop

■ GOT7 အဖွဲ့ဝင် JB Collaboration လုပ်ချင်ဆုံး အမျိုးသမီး Idol က ဘယ်သူလဲ

—- GOT7 အဖွဲ့ဝင် JB Collaboration လုပ်ချင်ဆုံးအမျိုးသမီး Idol က ဘယ်သူလို့ ထင်ပါသလဲ…

JB ဟာ မကြာသေးခင်က ‘The Star’ မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုအကြောင်းတွေအပါအဝင် မေးခွန်းအမြောက်အများကို ဖြေဆိုခဲ့တာဖြစ်ပါ တယ်။

မေးခွန်းတွေအားလုံးထဲက တစ်ခုတည်းသော မေးခွန်းကတော့ လက်ရှိအချိန် Collaboration လုပ်ချင် ဆုံး အမျိုးသမီး Idol က ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

အဆိုပါ မေးခွန်းကို JB က Singer-Songwriter IU ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ ကျွန်တော် အရမ်းနှစ်သက်တဲ့ အသံ Tone ရှိတဲ့ အမျိုးသမီးကတော့ IU ဖြစ်ပါတယ်။ Collaboration က ဖြစ်နိုင် ဖို့ကတော့ ရာခိုင်နှုန်းသိပ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သီချင်းတွေကိုသာ စီနီယာက နှစ်သက်ရင် ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော့် သီချင်းမှာသာ Featuring အနေနဲ့ ပါဝင်ခဲ့ မယ်ဆိုရင် ကျွန်တော်အရမ်းပျော်ရွှင်နှစ်သက်မိမှာပါ” လို့လည်း JB က IU ထံ သတင်းစကားပါးခဲ့ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page