K pop

■ ဧပြီလအတွက် ပေါ်ပြူလာအဖြစ်ဆုံး Boy Group များ

— တစ်ဖွဲ့က ထိပ်ဆုံးမှာ 35 လ ဆက်တိုက် ….တစ်ဖွဲ့က နံပါတ် 2 မှာ 7 လဆက်တိုက်…

ဧပြီလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။

ဧပြီလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (15,938,202) ရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီ Ranking ရဲ့ ထိပ်ဆုံးမှာ 35 လ ဆက်တိုက် ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

BTS ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ NCT က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (3,574,966) ရရှိခဲ့ပါတယ်။ NCT အဖွဲ့ကလည်း BTS ရဲ့နောက် နံပါတ် 2 နေရာမှာ 7လ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နံပါတ် (၃)နေရာမှာတော့ SEVENTEEN အဖွဲ့က Reputation Index (3,354,205) ရရှိခဲ့ကာ ရပ်တည်ခဲ့တာပါ။

Korean Business Research Institute ဟာ မတ်လ 10 ရက်နေ့ကနေ ဧပြီလ 10 ရက်နေ့အထိ Boy Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဧပြီလအတွက် Boy Group Brand Reputation Rankings (30) Group စာရင်း

1# BTS ၊ 2# NCT ၊ 3# SEVENTEEN ၊ 4# EXO ၊ 5# SHINee ၊ 6# Super Junior ၊ 7# ASTRO ၊ 8# THE BOYZ ၊ 9# BTOB ၊ 10# ATEEZ

11# TREASURE ၊ 12# Ciipher ၊ 13# PENTAGON ၊ 14# MIRAE ၊ 15# TXT ၊ 16# Shinhwa ၊ 17# INFINITE ၊ 18# MONSTA X ၊ 19# Stray Kids ၊ 20# SF9

21# DRIPPIN ၊ 22# WINNER ၊ 23# BIGBANG ၊ 24# withus ၊ 25# NU’EST ၊ 26# Golden Child ၊ 27# ENHYPEN ၊ 28# 2PM ၊ 29# ONF ၊ 30# GOT7

-m2t
Ref: Soompi

You cannot copy content of this page