K pop

■ ဂျူနီယာတွေရဲ့ Role Model အဖြစ် သတ်မှတ်ခြင်း အခံရဆုံး K-pop Idol (၃) ဦး

– – – ဒီ Idol (၃) ယောက်က K-pop နယ်ပယ်မှာတော့ ဂျူနီယာတွေရဲ့ Role Model အဖြစ်….

တလောမှာ Instiz မှာ ပရိသတ်တစ်ယောက်တင်ခဲ့တဲ့ Post တစ်ခုက အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ အဲဒီပရိသတ်က K-pop နယ်ပယ်မှာ ဂျူနီယာ Idol တွေက သူတို့ အလေးစားရဆုံးသူတွေအဖြစ် မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ Idol (၃)ဦးကို ဖော်ပြခဲ့တာပါ။

ဒီ Idol (၃) ယောက်က မဆုတ်မနစ် ကြိုးစားသူတွေဖြစ်ပြီး သူတို့ရဲ့ ဘဝကို လေးစားဖွယ်ကောင်းအောင် တည်ဆောက်ထားနိုင်သူတွေလို့ အဲဒီပရိသတ်ကေ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

သူတို့တွေကတော့ တခြားမဟုတ်ဘဲ IU,BTS အဖွဲ့ဝင် V နဲ့ SHINee အဖွဲ့ဝင် Taemin တို့ပဲ ဖြစ်ပါတယ်။ သူတို့ (၃) ယောက်ဟာ ငယ်ရွယ်တဲ့ Idol တွေရဲ့ Role Model အဖြစ် ရွေးချယ်ခံရမှုအများဆုံးလို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားလျက်ရှိနေပြီး ဝင်ရောက်ဆွေးနွေးမှု များပြားလျက်ရှိနေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page