K pop

■ ရည်းစားတွေနဲ့ လမ်းခွဲတိုင်း ဝမ်းမနည်းမိဘူးဆိုတဲ့ Heechul

– – – Heechul ကတော့ သူ့အနေနဲ့ ရည်းစားတွေနဲ့ လမ်းခွဲရတဲ့အခါ…

SBS ရဲ့ ‘My Ugly Duckling အစီအစဉ်မှာ Super Junior အဖွဲ့ဝင် Heechul က ဧည့်သည်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ Heechul ဟာ အဖွဲ့သားတွေဖြစ်တဲ့ Ji Sangryul, Jeong Yeongju,Hwang Seokjeong တို့နဲ့အတူ Relationship နဲ့ လက်ထက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာပါ။

အဲဒီစကားဝိုင်းမှာ Heechul သူ့အနေနဲ့ ငယ်ငယ်လေးကတည်းက ရည်စားတွေထားခဲ့ကြောင်း၊ ရည်းစားတွေနဲ့ လမ်းတွဲရတိုင်း ဝမ်းမနည်းမိကြောင်း၊ ရည်းစားနဲ့ လမ်းခွဲရတာ ဘ၀ အဆုံးသတ်သွားမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်က ငယ်ငယ်လေးကတည်းက ရည်းစားတွေ အများကြီးထားခဲ့တာဗျ။ လမ်းခွဲတာက ဘဝရဲ့ အဆုံးသတ် မဟုတ်ပါဘူး”လို့ Heechul က ဆိုခဲ့ပါတယ်။

Heechul ဟာ တလောတုန်းကပဲ TWICE အဖွဲ့ဝင် Momo နဲ့ လမ်းခွဲထားခဲ့တာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page