K pop

■ Kai ရဲ့ iTunes သမိုင်းတစ်လျှောက် ထပ်တိုးစံချိန်

—- Kim Jongin (သို့မဟုတ်) Kai လို့ခေါ်တဲ့ EXO-L တွေရဲ့ အချစ်တော် EXO ၊ Super M အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့သူဟာ လွန်ခဲ့တဲ့ 4 လက ပထမဆုံး Solo EP ကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

2020 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်နေ့မှာ Solo Artist အနေနဲ့ Debut လုပ်ခဲ့တာပါ။ Mini Album (EP) ကို ထုတ်လွှင့်ပြီးတဲ့နောက်မှာ EXO-L တွေအားလုံးကို ဖမ်းစားသွားခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ Mini Album မှာ သီချင်း 6 ပုဒ် ပါဝင်ပြီး အားလုံးကို ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ကြတာပါ။

ထုတ်လွှင့်တာ 4 လကြာသွားပြီဖြစ်ပေမယ့် Kai ရဲ့ စံချိန်မိုင်တိုင်တွေကတော့ မရပ်တန့်သေးပါဘူး။ အချက်အလက်တွေအရ Kai ဟာ Title Track ‘Mmmh,’ ထုတ်လွှင့်ပြီး ပထမဆုံးနေ့မှာ 53 နိုင်ငံရဲ့ Worldwide iTunes Album Chart မှာ #1 ရပ်တည်ခဲ့ပြီး ပထမဆုံး SM Artist စတဲ့ စံချိန်တွေ စိုက်ထူခဲ့တာပါ။

YouTube ၊ Spotify ၊ iTunes တွေပေါ်မှာ Kai ဟာ စံချိန်မိုင်တိုင်တွေအများအပြား စိုက်ထူနိုင်ခဲ့ပါ တယ်။ အခု အချက်အလက်အသစ်တွေအရ Kai ဟာ ပထမဆုံး Mini Album နဲ့ နိုင်ငံ 76 နိုင်ငံရဲ့ Worldwide iTunes Album Chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံအများအပြားပေါ်မှာ #1 ရပ်တည် နိုင်တဲ့ ပထမဆုံး Solo Artist အဖြစ်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Kai ဟာ iTunes သမိုင်းတစ်လျှောက် EP နဲ့ ကမ္ဘာအနှံ့ နိုင်ငံအများအပြားပေါ်မှာ #1 ရပ်တည်နိုင်တဲ့ Solo Artist အနေနဲ့ စံချိန်တင်ထားတာဖြစ်ပြီး သူ့ရဲ့စံချိန်ကို ထပ်တိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page