Articles

■ ရက်ပိုင်းအတွင်းမှာပဲ YouTube Views သန်း 900 ပြည့်တဲ့ (၅)ခုမြောက် MV ကိုပိုင်ဆိုင်ခဲ့တဲ့ BTS

—- ဧပြီလ (၈)ရက်နေ့မှာ BTS ဟာ YouTube Views သန်း (900)ပြည့်တဲ့ (၄)ခုမြောက် MV တစ်ပုဒ် ကိုပိုင်ဆိုင်ခဲ့ပြီး အခုအခါ (၅)ခုမြောက် MV ကို ထပ်မံပိုင်ဆိုင်ခဲ့…

BTS အဖွဲ့ဟာ ဧပြီလ 8 ရက်နေ့က Fake Love သီချင်းနဲ့ YouTube Views သန်း 900 ပြည့်တဲ့ (4)ခု မြောက် MV ကိုပိုင်ဆိုင်ခဲ့ပါတယ်။ (၃)ရက်ကြာပြီးနောက် 11 ရက်နေ့မှာပဲ နောက်ထပ် Views သန်း 900 ပြည့် MV ကို ထပ်မံပိုင်ဆိုင်ခဲ့တာပါ။

BTS အဖွဲ့ရဲ့ “MIC Drop (Steve Aoki Remix)” ဟာ ဧပြီလ 11 ရက် ကိုရီးယားစံတော်ချိန် 9:21AM မှာ YouTube Views သန်း 900 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ BTS အဖွဲ့ဟာ “MIC Drop (Steve Aoki Remix)” ကို နိုဝင်ဘာလ 24ရက်၊ 2017 ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တာဖြစ်ပြီး YouTube Views သန်း 900 ပြည့်ဖို့ 3နှစ်၊ 4လ နဲ့ 17 ရက်ကြာမြင့်ခဲ့တာပါ။

“DNA” ၊ “Boy With Luv” ၊“Dynamite” နဲ့ “Fake Love” တို့ပြီး “MIC Drop (Steve Aoki Remix)” ဟာ YouTube Views သန်း 900 ပြည့်တဲ့ BTS အဖွဲ့ရဲ့ (၅)ခုမြောက် MV တစ်ခုလည်းဖြစ်လာခဲ့ပါ တယ်။

-m2t
Ref: Soompi

You cannot copy content of this page