– – – Eli ပြောပုံအရ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အခြေအနေဆိုးရွားနေပြီး…
၂၀၁၇ ခုနှစ်အတွင်းမှာ U-KISS အဖွဲ့ဝင်ဟောင်း Eli ဟာ ဇနီးဖြစ်သူ Ji Yeon Soo နဲ့ လက်ထပ်ပြီးပြီဆိုတဲ့အကြောင်း ချပြခဲ့ပါတယ်။
သူတု့ိနှစ်ယောက်ဟာ အသက် (၁၁) နှစ်အထိ ကွာဟပြီး မိဘတွေ သဘောမတူတဲ့ကြားက အတိုက်အခံလုပ်ကာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးပဲ လက်ထပ်ခဲ့ပေမဲ့ လက်ရှိမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ အခြေအနေ မလှဖြစ်နေပါတယ်။
Eli ဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်နေ့မှာတော့ Instagram ကနေ သူတို့အိမ်ထောင်အရေးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ သူတို့ဟာ လက်ရှိမှာ ခွဲနေကြပြီး မကြာခင် ကွာရှင်းဖြစ်တော့မယ်လို့ Eli က ဆိုခဲ့တာပါ။
“၂၀၂၀ ခုနှစ်ဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ခွဲနေကြဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော်က လက်ရှိ US မှာရှိနေပြီး Michael ကတော့ သူ့အမေနဲ့ ကိုရီးယားမှာ နေပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတော မသိပေမဲ့ Michael နဲ့ သူ့အမေတု့ိ ပျော်ရွှင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒီလိုမျိုးနည်းနဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက်လည်း တောင်းပန်ပါတယ်”
-Eli
Eli နဲ့ Ji Yeon Soo တို့ဟာ ၂၀၁၄ ခုနှစ်မှာ မင်္ဂလာပွဲကို သိုသိုသိပ်သိပ်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်လယ်လောက်မှာ U-KISS ကနေ ထွက်ခွာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း U-KISS ရဲ့ အဖွဲ့ဝင်ဟောင်း Dongho ဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါသေးတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *