K pop

■ Sehun နဲ့ အပြင်မှာတွေ့ဆုံခဲ့တဲ့ Male Fan တစ်ဦးရဲ့ပုံပြင်

—  EXO အဖွဲ့ဝင် Sehun နဲ့ အပြင်မှာတွေ့ဆုံခဲ့တဲ့ Male Fan တစ်ဦးရဲ့ ပုံပြင်မှာ ကိုရီးယားမှာ လူမှုကွန်ရက်မှာရေပန်းစားနေခဲ့…

K Netizen တစ်ဦးဟာ “I saw EXO’s Sehun,” ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတင်ခဲ့ပြီး EXO-L တွေအကြားရေပန်းစားနေခဲ့ပါတယ်။

ပို့စ်ထဲမှာ Male Fan ဟာ သူ့အနေနဲ့ Cheongdam မှာလမ်းလျှောက်ရင် Sehun နဲ့အမှတ်မထင်တွေ့ ခဲ့တာဖြစ်ကြောင်းနဲ့ Sehun ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကြင်နာမှုတွေကို ဖောက်သည်ချခဲ့တာဖြစ်ပါတယ်။

 

“ Sehun ရဲ့ မျက်နှာဟာ သေးသွယ်နေတာပါ။ အရပ်လည်းရှည်ပြီးတော့ EXO အဖွဲ့ဝင်တွေမပါဘဲ သူ တစ်ယောက်တည်းဖြစ်ပါတယ်။ သူ့ရဲ့ အသားရည်ကလည်း ချောမွေ့နေတာပါပဲ။ Mask တပ်ထား တောင်မှ သူ့ရဲ့ ချောမောမှုကို မဖုံးကွယ်နိုင်ပါဘူး။ မျက်လုံးမြင်တာနဲ့ သိနိုင်ပါတယ်။ ဒါတောင် ကျွန် တော် ေ-း မဟုတ်သေးပါဘူး။

သူဟာ ဒီအတိုင်း လမ်းလျှောက်ထွက်တဲ့ပုံပေါ်ပြီး မန်နေဂျာလည်းမပါပါဘူး။ ကျွန်တော် သူ့ကို ဓါတ်ပုံ အတူတူရိုက်ဖို့တောင်းဆိုတော့ လက်ခံပြီး စကားပြောတဲ့အခါလည်း ယဉ်ကျေးဖော်ရွေတဲ့သူတစ်ဦးဖြစ် ပါတယ်” လို့ Male Fan က ပို့စ်ထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပို့စ်ရဲ့အောက်မှာ K Netizen တွေဟာ Sehun ရဲ့ ကောင်းကြောင်းတွေကို ချီးမွမ်းခဲ့ကြသလို အချို့ Sehun နဲ့ အပြင်မှာဆုံဖူးတဲ့သူတွေကလည်း သူတို့အဖြစ်အပျက်တွေကို ပြန်လည်တူးဆွပြီး ဖော်ပြခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page