K pop

■ တစ်ခါတစ်လေ သာမန်လူတစ်ဦးပဲဖြစ်ချင်တယ်လို့ Song Hye Kyo ပြောကြား

—- နာမည်ကျော် အသက်နောက်ပြန်ဆွဲနေတဲ့ မင်းသမီးလို့ တင်စားကြတဲ့ Song Hye Kyo က သူမအနေနဲ့ တစ်ခါတစ်လေ သာမန် Song Hye Kyo ပဲဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Harper’s BAZAAR Taiwan ဟာ Song Hye Kyo နဲ့ အင်တာဗျူးပြုလုပ်ထားတာကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။ အဆိုပါအင်တာဗျူးသူက Song Hye Kyo ကို “ မင်းအနေနဲ့ မင်းသမီးသာ ဖြစ်မလာခဲ့ဖူးဆိုရင် မင်းရဲ့ ဘဝဘယ်လိုဖြစ်နေမလဲလို့ စဉ်းစားခဲ့ သလဲ” လို့ မေးခဲ့ပါတယ်။

Song Hye Kyo က “ ကျွန်မ သရုပ်အနုပညာကို အရမ်းချစ်မြတ်နိုးပါတယ်။ ကျွန်မရဲ့ဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင်ဘဝမှာလည်း များစွာသော သရုပ်ဆောင်မင်းသားတွေ၊ မင်းသမီးတွေနဲ့ တွေ့ဆုံခဲ့သလို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကိုလည်း ပိုင်ဆိုင်ခဲ့လို့ အားလုံးကို ကျေးဇူးတင်မိပါ တယ်။

ဒါပေမဲ့လည်း တစ်ခါတစ်လေ ကျွန်မ မင်းသမီး Song Hye Kyo မဖြစ်ချင်တဲ့ ဆန္ဒလည်းရှိခဲ့ပါတယ်။ သာမန် Song Hye Kyo ဘဝမျိုးကို လိုချင်မိခဲ့တာပါ။ ကျွန်မဟာ အခြားလူတွေကို ကျွန်မကို ဘယ်လို တွေးနေသလဲဆိုတာကို ဂရုစိုက်စရာမလိုတဲ့ သူဖြစ်ချင်တာဖြစ်ပါတယ်။

ကျွန်မဟာ အခု အသက် ၄၀ ထဲကိုရောက်နေပါပြီ။ ဒါပေမယ့် အသက် 20 ၊ 30၊ 40 ဆယ်စုနှစ်တွေ ပြောင်းလဲလာခဲ့ပေမယ့် ထူးထူးခြားခြားပြောင်းလဲသွားတာမရှိဘူးလို့တော့ ကိုယ့်ကိုယ်ကို ထင်ပါ တယ်။ ရုပ်ပိုင်းဆိုင်ရာသာပြောင်းလဲသွားပေမယ့် အရင်တုန်းက Song Hye Kyo လို့ပဲ ထင်နေတုန်း ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Song Hye Kyo ဟာ SBS’ Romance Drama ‘I’m on My Way to Break Up with You’ နဲ့ Comeback လုပ်ဖို့ ပြင်ဆင်နေပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page