K pop

■ မေလနှောင်းပိုင်းမှာ BTS အနေနဲ့ Comeback ပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်

– – -BTS ရဲ့ Comeback ကို ARMY တွေအနေနဲ့ မကြာခင် ခံစားရတော့မှာ…

BTS အဖွဲ့အနေနဲ့ မေလနှောင်ပိုင်းမှာ Comeback ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Album ရဲ့ နောက်ဆုံးအဆင့်ကို ပြင်ဆင်နေပြီလို့ သိရပါတယ်။

BTS ဟာ သူတို့ရဲ့ Comeback ကို မေလနှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း၊ မေလ ၂၈ ရက်နေ့မှာ ဖြစ်နိုင်ကြောင်း၊ Joy News24 က ဖော်ပြခဲ့တာပါ။

အစောပိုင်းတုန်းကလည်း BTS အနေနဲ့ မကြာခင် Comeback ပြုလုပ်သွားမယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး Big Hit ကတော့ Comeback ထွက်မဲ့ရက်ကို ဆံးုဖြတ်ပြီးရင် ထုတ်ပြန်ပေးသွားမယ်လို့သာ ဆိုခဲ့ပါတယ်။

အခုအခါမှာတော့ Joy News24 ကတော့ သူတို့အနေနဲ့ BTS ဟာ မေလမှာ Comeback လုပ်မယ်လို့ သတင်းကြားခဲ့ရတာကို အတည်ပြုနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီတစ်ခါမှာလည်း Big Hit ဘက်က ရေရေရာရာ ပြောဆိုခဲ့တာမျိုးမရှိဘဲ “အတည်ပြုပြီးသွားရင် Comeback အချိန်ဇယားကို ထုတ်ပြန်ပေးသွားပါမယ်”လို့သာ ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page