K pop

■ အချမ်းသာဆုံး K-pop Idol (၁၀)ဦး

— – – လက်ရှိ K-pop မှာ အချမ်းသားဆုံး Idol က ဘယ်သူဖြစ်မလဲ။ အချမ်းသာဆုံး K-pop Idol (၁၀)ဦးရဲ့ ချမ်းသာ ကြွယ်ဝမှုတွေက …

SEOLZ က လက်ရှိ K-pop မှာ အချမ်းသာဆုံး Idol (၁၀)ဦးစာရင်းကို ဖော်ပြခဲ့ပါတယ်။ သူတို့က Idol တွေရဲ့ ဂီတ၊ လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ရုပ်သံ၊ ကြော်ငြာ၊ Endorsement၊ လူမှုကွန်ရက် အစရှိသဖြင့် ဝင်ငွေရလမ်းတွေကို အကုန်တွက်ချက်ပြီး Idol တွေရဲ့ ကြွယ်ဝချမ်းသာမှုကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

10- Dara (2NE1)


2NE1 အဖွဲ့ဝင် Dara (Sandara Park) ဟာ အဆိုတော်အဖြစ်သာမက ဖက်ရှင်နယ်ပယ်မှာလည်း အောင်မြင်သူဖြစ်ပါတယ်။ သူမနဲ့ လက်တွဲထားတဲ့ Brand များစွာရှိပြီး အနုပညာလောကမှာ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမက Show တွေကို Host အဖြစ် ကျင်းပနေသူဖြစ်ပါတယ်။ Dara ရဲ့ ကြွယ်ဝမှုချမ်းသာမှုက ကန်ဒေါ်လာ (၂၅)သန်းပါ။

9- T.O.P (BIGBANG)


T.O.P (Choi Seung Hyun) ဟာ BIGBANG အဖွဲ့၊ GD & TOP တို့အပြင် Solo အဖြစ်ရော၊ မင်းသားအဖြစ်ပါ အောင်မြင်ကျော်ကြားသူပါ။ ရုပ်ရှင်ကားတွေအပြင် ကြော်ငြာပေါင်းများစွာကို ရိုက်ကူးထားသူဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝမှုသာ ကန်ဒေါ်လာ (၂၅)သန်းကျော်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ တန်ဖိုးကြီးပန်းချီကားပေါင်းများစွာနဲ့ အာဂျင်တီးနားမှာ စပျစ်စိုက်ခင်းပါ ပိုင်ဆိုင်ထားတဲ့ သူ့အနေနဲ့ ဒီထက်ပိုကြွယ်ဝမှာ သေချာပါတယ်။

8- Taeyang (BIGBANG)


BIGBANG အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyang(Dong Young Bae) က အဆိုတော်၊ တေးရေးတစ်ဦးဖြစ်ပြီး Solo အဖြစ် အလွန်အောင်မြင်သူဖြစ်ပါတယ်။ အနေအေးအေးနဲ့ နေတတ်သူဖြစ်ပြီး YG Entertainment မှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ကြွယ်ဝမှုက ကန်ဒေါ်လာ (၂၆)သန်းကျော်တယ်လို့ SEOULZ က ဖော်ပြခဲ့ပါတယ်။

7- Lee Hyori


Lee Hyori ဟာ K-pop ပထမမျိုးဆက်ရဲ့ ကြယ်ပွင့်တစ်ဖြစ်ပြီး ဒီနေ့အထိ အောင်မြင်နေဆဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဝင်ငွေ အကောင်းဆုံး K-pop Idol အဖြစ် ရပ်တည်ခဲ့သူလည်းဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ဖူးသူဖြစ်ပါတယ်။ Lee Hyori ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ (၂၇)သန်း ဖြစ်ပါတယ်။

6- IU (Lee Ji-Eun)


IU လို့ လူသိများတဲ့ Lee Ji-Eun ဟာ အဆိုတော်၊ တေးရေး၊ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ Endorsement များစွာ လက်တွဲထားသူဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေကလည်း ဝင်ငွေများစွာ ရရှိနေသူဖြစ်ပါတယ်။ IU ရဲ့ ကြွယ်ဝချမ်းသာမှုက ကန်ဒေါ်လာ (၂၈)သန်းကျော် ရှိမယ်လို့ မီဒီယာတွေ ခန့်မှန်းကြပါတယ်။

5- Choi Siwon (Super Junior)


Super Junior အဖွဲ့ဝင် Choi Siwon ဟာ ကျိကျိတက် ကြွယ်ဝတဲ့ မိသားစုက မွေးဖွားသူဖြစ်ပါတယ်။ ဒါပေမဲ့ Choi Siwon က ကိုယ့်အစွမ်းအစ ကိုယ်ရှာဖွေနိုင်သူပါ။ သူဟာ အဆိုတော်ဖြစ်ရုံတင်မက သရုပ်ဆောင်ဘဝမှာလည်း Jackie Chan တို့နဲ့အတူ တွဲရိုက်ရတဲ့အထိ အောင်မြင်သူပါ။ Choi Siwon ရဲ့ ကြွယ်ဝချမ်းသာမှုက ကန်ဒေါ်လာ (၄၅)သန်း ဖြစ်ပါတယ်။

4- Rain (Jung Ji Hoon)


Rain လို့ လူသိများတဲ့ Jung Ji Hoon ဟာ ဟောလီးဝုဒ်အထိ ပေါက်ရောက်တဲ့ မင်းသား၊ အဆိုတော် ဖြစ်ပါတယ်။ လက်ရှိမှာ ကိုယ်ပိုင် အေဂျင်စီအထိ ထူထောင်ထားတဲ့ Rain ဟာ ကန်ဒေါ်လာ (၅၅)သန်းအထိ ကြွယ်ဝသူဖြစ်ပြီး မင်းသမီး Kim Tae Hee နဲ့ လက်ထပ်ထားပါတယ်။ သူတို့အတွဲကိုတော့ ကိုရီးယားအချမ်းသာဆုံး အနုပညာစုံတွဲလို့တောင် ခေါ်ကြပါတယ်။

3- G-Dragon (BIGBANG)


G-Dragon (နာမည်ရင်း – Kwon Ji-Yong)ဟာ King of K-pop လို့ တင်စားခံရသူဖြစ်ပြီး K-pop မှာ သက်ရောက်မှုအကြီးမားဆုံးလို့ ဆိုကြတဲ့ BIGBANG အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သီချင်းတွေကိုယ်တိုင်၊ ရေးသားထုတ်လုပ်မှုကနေ ဝင်ငွေများစွာ ရရှိနေသလို၊ ကိုယ်ပိုင်ဖက်ရှင် Brand ကလည်း ရောင်းမလောက်အောင် ကျော်ကြားပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ (၅၆)သန်းကျော်တယ်လို့ ဖော်ပြကြပါတယ်။

2- PSY


PSY လို့ လူသိများတဲ့ Park-Jae-sang ဟာ အနုပညာနဲ့ ပတ်သက်လို့ ဘက်စုံရသူဖြစ်ပြီး Gangnam Style သီချင်းရဲ့ အောင်မြင်မှုကတော့ ပြောနေစရာတောင် မလိုပါဘူး။ သူဟာ လက်ရှိမှာ ကိုယ်ပိုင်အေဂျင်စီပါ ထူထောင်ထားသူဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ သန်း (၆၀) ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

1- Kim Jaejoong


TVXQ, JYJ အဖွဲ့တို့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Kim Jaejoong အောင်မြင်တဲ့ မင်းသား၊ ထုတ်လုပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် Kim Jaejoong ဟာ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အဲဒီကနေ ဝင်ငွေများစွာ ရရှိနေသူပါ။ သူ့ရဲ့ ကြွယ်ဝမှုက ကန်ဒေါ်လာ သန်း (၈၀) ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

— ဃဲ
via SZ

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page