K pop

■ Hypothyroidism ကြောင့် အဖွဲ့နဲ့ လွဲချော်လုနီးပါးဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ EXO အဖွဲ့ဝင်

— – – သူ့ရဲ့ရောဂါကြောင့် EXO အဖွဲ့နဲ့ လွဲချော်လုနီးပါးဖြစ်ခဲ့ရပြီး သူ့ရဲ့ခံယူချက်နဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကတော့ လူငယ်တွေအတွက် အတုယူစရာ …

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun ဟာ Hypothyroidism ရောဂါကြောင့် EXO အဖွဲ့နဲ့လွဲချော်လုနီးပါးဖြစ်ခဲ့သလို၊ Idol ဘဝကိုပါ စတင်နိုင်ဖွယ်မရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Baekhyun က “Hypothyroidism ကြောင့် EXO အဖွဲ့နဲ့ ကျွန်တော် လွဲချော်လုနီးပါးဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသက် (၂၀)အရွယ် Baekhyun ဟာ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက Baekhyun ပြောခဲ့တာက စတိတ်စင်ပေါ်မှာ အားအင်ကုန်ခမ်းပြီး ငါသေရင် သေသွားပါစေ Idol အဖြစ်တော့ ရအောင် ပွဲထွက်မယ်ဆိုတာပါပဲ”လို့ ဆိုပါတယ်။

Baekhyun က သူ့အနေနဲ့ အဲဒီကတိကို သူကိုယ်တိုင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အနာဂတ်မှာလည်း ပျော်ရွှင်စွာနေထိုင်သွားဖို့ စီစဉ်ထားတာကြောင့် စစ်မှုထမ်းမယ့်အပေါ် EXO-L တွေ မစိုးရိမ်စေချင်ဘူးလို့လည်း ဆိုပါတယ်။

■ Hypothyroidism ဆိုတာ ဘာလဲ ?

Hypothyroidism ဆိုတာ thyroid gland က thyroid hormone အလုံအလောက် မထုတ်ပေးနိုင်တာကို ခေါ်တာပါ။ thyroid hormone က ခန္ဓာကိုယ်ရဲ့ metabolism ပြောင်းလဲမှုကို အဓိကထောက်ပံ့တာဖြစ်ပြီး Hypothyroidism ခံစားနေရသူတွေဟာ metabolism ပြောင်းလဲမှု နှေးကွေးတာနဲ့ ရင်ဆိုင်ရတာဖြစ်ပါတယ်။

Hypothyroidism ကြောင့် လက္ခဏာတွေကတော့ – – – ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ ခန္ဓာကိုယ်အချိုးအစား(ပိန်ခြင်း/ဝခြင်း)ကို မထိန်းနိုင်ခြင်း၊ ဆံပင်ခြောက်ခြင်း၊ အရေးပြားခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အပူအအေး မခံနိုင်ခြင်း၊ စိတ်ကျခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ အူလမ်းကြောင်း နာကျင်ခြင်းတွေ ဖြစ်ပါတယ်။

Ref: Koreaboo & endocrineweb.com

You cannot copy content of this page