K pop

■ သူတို့အကြွေရဆုံး Idol တွေကို ဖွင့်ဟဝန်ခံခဲ့ကြတဲ့ K-pop Idol များ

– – ဒီ Idol တွေဟာ သူတို့ ကြွေရတဲ့ Idol တွေကို မကွယ်မဝှက် ဖွင့်ဟသွားခဲ့ကြတာပါ။

K-pop နယ်ပယ်အတွင်းမှာ Idol အချင်းချင်း ကြွေနေရသူတွေလည်း ရှိပါတယ်။ အခုဖော်ပြမယ့် Idol တွေကတော့ သူတို့ ကြွေရသူတွေကို Show တွေမှာဖြစ်ဖြစ်၊ ရုပ်သံတင်ဆက်သူတွေမှာဖြစ်ဖြစ် မကွယ်မဝှက်ဘဲ ဖွင့်ဟထားခဲ့ကြတာပါ။

Block B’s P.O.

 

Socializing Camp မှာ P.O. က ဒီအစီစဉ်မှာ ပါဝင်သူတွေထဲက ဘယ်မိန်းကလေးနဲ့ ဒိတ်ချင်သလဲလို့ အမေးခံခဲ့ရပါတယ်။ အစပိုင်းမှာတော့ P.O.ဟာ ဖြေဖို့ ရှက်နေခဲ့ပေမယ့် အားလုံးက သူ့အဖြေကို ရိပ်မိပြီးသားပါ။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ Bomi နဲ့ ဒိတ်ချင်တယ်ဆိုပြီး ပြောခဲ့ပါတော့တယ်။

KARA’s Seungyeon

 

Youngstreet Radio အစီအစဉ်မှာ KARA အဖွဲ့ဝင်တွေဟာ အနုပညာလောကအတွင်း သူတို့ စိတ်ဝင်စားတဲ့ ဂျူနီယာတွေနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရပါတယ်။ အဲဒီမှာ Seungyeon က သူမအနေနဲ့ BTS အဖွဲ့ဝင် Jungkook ကို စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့တာပါ။

NCT’s Johnny

 

My SMT အင်တာဗျူးအစီအစဉ်မှာ Yoona ,Leeteuk နဲ့ Johny တို့ဟာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ Jonhy က သူအနေနဲ့ ၂၀၀၈ ခုနှစ်ကတည်းက Yoona ကို အားပေးခဲ့ကြောင်း၊ အခုလို တွေ့ဆုံခွင့်ရတဲ့အတွက် မယုံနိုင်စရာ ဖြစ်ခဲ့ရကြောင်း ဆိုခဲ့ပြီး ပါးစပ်ကနေ OMG ဆိုပြီး ယောင်ထွက်သွားမှာတော့ Yoona ကိုယ်တိုင် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။

Somi

 

Sisters Slam Dunk အစီအစဉ်မှာ Somi က သူမအနေနဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ကို အလွန်နှစ်သက်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

Samuel

 

Live ထုတ်လွှင့်မှုတစ်ခုမှာ Samuel နဲ့ Feeldog တို့ဟာ အလိမ်ဖော်စက်နဲ့အတူ ဂိမ်းကစားခဲ့ကြပါတယ်။ အဲဒီမှာ Feeldog က Samuel ကို Ideal Type မေးစဉ်မှာတော့ သူက အစပိုင်းမှာ ငြင်းနေပါသေးတယ်။ နောက်တော့ Feeldog က မေးခွန်းလှည့်ပြီး သဘောအကျဆုံး မိန်းကလေးအဖွဲ့ဝင်လို့ မေးခဲ့ရာမှာတော့ Samuel က BLACKPINK အဖွဲ့ဝင် Jisoo လို့ ဖြေခဲ့ပါတယ်။ Jisoo က Ideal Type လားလို့ ထပ်မေးရာမှာတော့ Samuel က ဟုတ်တယ်လို့ ဖြေခဲ့ပြီး အလိမ်ဖော်စက်ကလည်း မှန်ကန်ကြောင်း သက်သေထူပေးခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page