K pop

■ ဇောက်ထိုးပုံက Rosé ဟုတ်၊ မဟုတ် ?

— – – အောက်ပုံမှာဖော်ပြထားတဲ့ ဇောက်ထိုးဓာတ်ပုံက ခင်ဗျားကို ခေါင်းစားစေမှာ သေချာတာပေါ့ …

အင်တာနက်အသုံးပြုသူတွေဟာ အပေါ်က Rosé ပုံဘေးမှာ ပြထားတဲ့ ဇောက်ထိုးဓာတ်ပုံတစ်ပုံကြောင့် အတော်လေးကို ခေါင်းမူးနေကြပါသတဲ့။

အပေါ်က ပုံကတော့ Rosé ပုံဘေးက ဓာတ်ပုံကို အကြီးချဲ့ပြထားတဲ့ပုံပါ။ အဲဒီဇောက်ထိုးဓာတ်ပုံကို ဘယ်သူ့ပုံလို့ ထင်ပါသလဲ။ ခင်ဗျားအမြင်ရော ဘယ်လိုရှိလဲ။

အင်တာနက်အသုံးပြုသူအများစုကတော့ အဲဒီဓာတ်ပုံဟာ BLACKPINK အဖွဲ့ဝင် Rosé ရဲ့ ပုံဖြစ်တယ်လို့ ဆိုနေကြပါတယ်။ တကယ်ရော ဟုတ်ပါသလား။

အဲဒီဇောက်ထိုးပုံကို အခုလို ထောင်ကြည့်လိုက်ရင်တော့ အဖြေမှန် ထွက်ပါပြီ။ သူကတော့ ITZY အဖွဲ့ဝင် Ryujin ပဲ ဖြစ်ပါတယ်။ Netizens တွေကတော့ အဲဒီဇောက်ထိုးဓာတ်ပုံကြည့်ပြီး အရမ်းကို အံ့သြရပါသတဲ့။

Ref: Koreaboo

You cannot copy content of this page