Celebrity

■ Kim Jung Hyun ပြဿနာနဲ့ပတ်သက်လို့ Seo Ye Ji အေဂျင်စီရဲ့ ထုတ်ပြန်ချက်

— – – Dispatch က ဖော်ထုတ်ခဲ့တဲ့ Kim Jung Hyun ရဲ့အပြုအမူပြဿနာမှာ Seo Ye Ji နဲ့ Kim Jung Hyun နှစ်ကိုယ်ကြား ပြောဆိုမှုတွေက …

Kim Jung Hyun ရဲ့အပြုအမူပြဿနာနဲ့ပတ်သက်ပြီး ကြိုးကိုင်သူတစ်ယောက်လို ဝေဖန်ခံနေရတဲ့ မင်းသမီး Seo Ye Ji အတွက် သူ့ရဲ့အေဂျင်စီ Gold Medalist က ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

မင်းသား Kim Jung Hyun ဟာ Time ဇာတ်လမ်းတွဲရိုက်ကူးတုန်းက မျက်နှာထားတင်းတင်းနဲ့နေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးဇာတ်လမ်းတွဲက နုတ်ထွက်ခဲ့တဲ့အထိပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက Time ဇာတ်လမ်းတွဲမှာ မင်းသမီးနဲ့ လက်ကိုင်၊ ပွေ့ဖက်၊ နမ်းတဲ့အခန်းတွေ မပါဖို့ Seo Ye Ji က Kim Jung Hyun ကို သတိပေးခဲ့တယ်လို့ Dispatch က ဖော်ထုတ်ခဲ့တာပါ။

အဲဒီဖော်ထုတ်ချက်ကြောင့် Seo Ye Ji ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲက ထွက်ဖို့အထိ ပရိသတ်တွေက တောင်းဆိုနေကြတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခုအခါ Seo Ye Ji ရဲ့ အေဂျင်စီ Gold Medalist က အဲဒီပြဿနာအတွက် စိတ်ပူခဲ့တဲ့ပရိသတ်တွေကို တောင်းပန်ကြောင်း၊ Seo Ye Ji နဲ့ Kim Jung Hyun တို့ဟာ အဲဒီတုန်းက ချစ်သူတွေဖြစ်တာကြောင့် တခြားမင်းသမီးနဲ့ ရိုက်တဲ့အခါ Skinship အခန်းတွေ မပါဖို့ ပြောတာဟာ ကိုရီးယားအနုပညာလောကမှာ ပုံမှန်သာဖြစ်ကြောင်း၊ အဲဒီတုန်းက Kim Jung Hyun ရဲ့အပြုအမူတွေဟာ Seo Ye Ji ရဲ့စေခိုင်းမှုက မဟုတ်ဘဲ မင်းသားအနေနဲ့ တခြားအကြောင်းကြောင့်ဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ် အခုလို ပြဿနာတွေ ပေါ်ပေါက်လာတဲ့အတွက် အနူးအညွှတ်တောင်းပန်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Soompi

You cannot copy content of this page