K pop

■ On The Ground နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် (၂)ခု ပိုင်ဆိုင်ခဲ့တဲ့ Rosé

— – – Rosé ရဲ့ Solo ဘဝအစဟာ ဂင်းနစ်ကမ္ဘာ့စံချိန် (၂)ခုနဲ့ လှပခဲ့တယ်လို့ guinnessworldrecords.com က ဖော်ပြ …

BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rosé ဟာ သူ့ရဲ့ Solo ပွဲထွက်သီချင်းဖြစ်တဲ့ On The Ground နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် (၂)ခုကို ပိုင်ဆိုင်ခဲ့တယ်လို့ guinnessworldrecords အဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

Rosé ရဲ့ On The Ground သီချင်းဟာ Global Billboard 200 နဲ့ Billboard Global Excl. US တို့မှာလည်း နံပါတ်(၁) ချိတ်ခဲ့ပြီး စံချိန်ပေါင်းများစွာကိုလည်း Global Billboard 200 မှာ အဖွဲ့နဲ့ရော Solo အဖြစ်ပါ နံပါတ်(၁)အဖြစ် ရပ်တည်နိုင်တဲ့ ပထမဆုံးအဆိုတော် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် မတ်လ (၁၂)ရက်က ထုတ်ဝေတဲ့ Rosé ရဲ့ On The Ground သီချင်းဟာ ပထမဆုံး (၂၄)နာရီအတွင်း You Tube Views (၄၁.၆)သန်းအထိ ရှိခဲ့ပြီး ဒါဟာ solo K-pop artist တွေထဲမှာ ဂင်းနစ်ကမ္ဘာ့စံချိန်ဖြစ်ခဲ့ပါတယ်။

Rosé ဟာ သူမရဲ့ ပွဲထွက်သီချင်း On The Ground နဲ့ စံချိန်ပေါင်းများစွာကို စိုက်ထူနိုင်ခဲ့သလို၊ single album “R” ဟာလည်း ၂၀၂၁ ခုနှစ်အတွင်း အမျိုးသမီး K-Pop Artist တွေထဲမှာ အရောင်းရဆုံး Album အဖြစ် ရပ်တည်နေပါတယ်။

Ref: Soompi

You cannot copy content of this page