K pop

■ အနုပညာရှင်တွေရဲ့ ပင်ကိုယ်ဘဝကို ထင်ဟပ်စေပြီး စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်တဲ့ သီချင်း (၅) ပုဒ်

– – – ဒီသီချင်းတွေဟာ ဆွေးမြေ့ဖွယ်ရာကောင်းသလို စိတ်ဓာတ်ခွန်အားလည်း ရစေပြီး…

‘Breathe’- Lee Hi

Lee Hi ရဲ့ နာမည်ကျော်သီချင်းဖြစ်ပြီး ဒီသီချင်းကိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Jonghyun က ရေးစပ်ပေးခဲ့တာပါ။ ဒီသီချင်းက စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့ စာသားတွေကြောင့် ချီးကျူးမှုကိုလည်း ခံခဲ့ရပါတယ်။ Jonghyun ကွယ်လွန်သွားတဲ့အချိန်ရောက်မှ သီချင်းရဲ့ စာသားအဓိပ္ပာယ်တွေကို ပရိသတ်တွေက ပြည့်ပြည့်၀၀ နားလည်ခဲ့ကြတာပါ။ Lee Hi ကလည်း လက်ရှိအချိန်အထိ Breathe သီချင်းနဲ့ ပတ်သက်ပြီး Jonghyun ကို အမှတ်ရနေဆဲ ဖြစ်ပါတယ်။

‘Congratulations’ – DAY6

ဒီသီချင်းကတော့ DAY6 အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အကြောင်း ဖြစ်ပြီး ဘယ်အဖွဲ့ဝင်လဲဆိုတာကတော့ ဖော်မပြထားပါဘူး။

‘Eyes, Nose Lips’ – Taeyang

Taeyong ရဲ့ နာမည်ကျော် လူကြိုက်များတဲ့ သီချင်းကောင်းပါ။ Taeyeon ဟာ ဒီသီချင်းကနေတစ်ဆင့် Min Hyorin အပေါ် ခံစားချက်တွေကို ထုတ်ပြခဲ့ပြီး အဲဒီနောက် သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

‘Hellevator’ – Stray Kids

ဒီသီချင်းကတော့ Stray Kids ရဲ့ Pre-Debut EPဖြစ်တဲ့ Mixtape မှာ ပါဝင်တဲ့သီချင်းဖြစ်ပြီး Bang Chan, Han နဲ့ Changbin တို့က ရေးစပ်ထားခဲ့တာပါ။ ဒီသီချင်းက Stray Kids အဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေကြား က ပွဲထွက်နိုင်ခဲ့ပုံအကြောင်း ရေးစပ်ထားခဲ့တာပါ။

‘Our Page’ – SHINee

ဒီသီချင်းကိုတော့ Jonghyun ကွယ်လွန်ပြီး (၅) လအကြာမှာ ထုတ်ဝေခဲ့တာပါ။ ဒီသီချင်းဟာ Jonghyun အကြောင်းလို့ အတည်မပြုခဲ့ပေမဲ့ MV နဲ့ စာသားတွေက တကယ်လို့ ထိရှချင်စရာဖြစ်ပြီး နားထောင်ရင်း မျက်ရည်ကျရတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page