K pop

■ YouTube Channel Subscriber သန်း 60 ပြည့်သွားပြီဖြစ်တဲ့ BLACKPINK

— YouTube Queen တွေရဲ့ လားရာဟာ ကမ္ဘာ့ YouTube Channel Subscriber ဒုတိယအများဆုံး Artist….

ဧပြီလ 13 ရက်နေ့မှာ BLACKPINK အဖွဲ့ရဲ့ Official YouTube Channel ဟာ Subscriber သန်း 60 ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက BLACKPINK အဖွဲ့ဟာ ကမ္ဘာကျော် အမျိုးသမီးအဆိုတော် Ariana Grande ရဲ့ YouTube Channel ကို ကျော်ဖြတ်ပြီး Subscriber အများဆုံး Female Artist အဖြစ် စံ ချိန်တင်ခဲ့တာဖြစ်ပါတယ်။

နောက်တော့ BLACKPINK အဖွဲ့ဟာ Eminem ၊ Ed Sheeran ၊ DJ Marshmello တို့ရဲ့ Channel တွေကိုလည်း ကျော်ဖြတ်ပြီး Justin Bieber ရဲ့ Channel ပြီးနောက် ဒုတိယ Subscriber အများဆုံး Artist ဖြစ်လာခဲ့ပြန်ပါတယ်။

အခုအခါ BLACKPINK အဖွဲ့ရဲ့ Channel ဟာ Subscriber တွေ တိုးပွားလာနေဆဲဖြစ်ဖြစ်ပြီး သန်း 60 ပြည့်သွားတဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့တာဖြစ်သလို Justin Bieber ထက် 2 သန်းကျော်သာ လျော့နည်း လာခဲ့တာဖြစ်ပါတယ်။ Subscriber အများဆုံး Artist ဖြစ်တဲ့ Justin Bieber ကတော့ 62.4 သန်း ဖြစ် ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page