K pop

■ သူနဲ့ Park Bo Gum ရဲ့ အတွဲအဖက်မိမှုကို ကြည့်ဖို့ Gong Yoo တိုက်တွန်း

— ဧပြီလ 13 ရက်နေ့က Gong Yoo ဟာ ရုပ်ရှင် “ Seobok” နဲ့ပတ် သက်ပြီး အွန်လိုင်းအင်တာ ဗျူးပြုလုပ်ခဲ့ကာ တွဲဖက်မင်းသားချော Park Bo Gum ရဲ့ ထူးချွန်မှုနဲ့ အရည်အချင်းတွေကို ချီးကျူး ခဲ့ပါတယ်။

အင်တာဗျူးမှာ Gong Yoo က “ Bo Gum ဟာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပထမဆုံးအကြိမ် အဓိက သရုပ်ဆောင်ရတာတောင်မှ အကောင်းဆုံးပြုလုပ်နိုင်သူဖြစ်ပါတယ်။ အရင်တုန်းက သူ မပြသခဲ့ဖူးတဲ့ အရည်အချင်းတွေကို ဒီဇာတ်ကားမှာ ပြသထားတာဖြစ်ပါတယ်။ စစ်မှုတာဝန်ပြီးဆုံးရင် သူ့ရဲ့ အရည် အချင်းနဲ့ အောင်မြင်မှုတွေကို ကျွန်တော် ဆက်လက်စောင့်ကြည့်ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် Gong Yoo က မကြာသေးခင်က Park Bo Gum ဟာ သူ့ဆီ စာပို့ပေးခဲ့သေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ ရုပ်ရှင်စတင်ပြသပြီးတဲ့နောက်မှာ Bo Gum ဟာ ကျွန်တော့်ဆီ စာပို့ခဲ့ပါတယ်။ မမျှော်လင့်ထားလို့ ကျွန်တော်တောင် အံ့အားသင့်သွားပါတယ်။ သူကတော့ စိတ်လှုပ်ရှားနေတယ်။ စိုးရိမ်နေတယ်။ ဒီလို ပဲပြောတာပါ။ Bo Gum မှာ ကမ္ဘာ့အနှံ့ အမျိုးသမီး ပရိသတ်တွေ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကျေး ဇူးပြုပြီး ကျွန်တော်တို့နှစ်ဦးရဲ့ တွဲဖက်မိမှုကို ကြည့်ပေးကြပါတယ်” လို့ Gong Yoo က ပြောကြားခဲ့ပါ တယ်။

-m2t
Ref: SBS

 

You cannot copy content of this page