K pop

■ V ရဲ့ ချောမောမှုအောက်မှာ မျောပါခဲ့ရပြီး အံ့ဖွယ်စကားဆိုလိုက်တဲ့ ဂျပန်မင်းသား

– – -ဂျပန်မင်းသားဟာ V ရဲ့ ချောမောလှပမှုကို မှင်သက်ခဲ့ပြီး…

BTS အဖွဲ့ဝင် V ဟာ Visual ဖြစ်မှုနဲ့ ပတ်သက်ရင် ပြောစရာ မလိုသူဖြစ်ပါတယ်။

World’s Most Handsome Man စာရင်းထဲမှာလည်း အမြဲတမ်းလိုလို ထိပ်ပိုင်းနေရာကနေ ပါဝင်လေ့ရှိသူ တစ်ယောက်ပါ။ အခုအခါမှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းမင်းသား Ryoma Takeuchi ကလည်း V ရဲ့ Visual အောက်မှာ မျောပါခဲ့ပါတယ်။

Live တစ်ခုမှာ Ryoma Takeuchi ဟာ လူတစ်ချို့နဲ့အတူ ပရိသတ်တွေရဲ့ Comment တွေကို ဖတ်နေခဲ့တာပါ။ အဲဒီမှာ တစ်ယောက်က Ryoma Takeuchi ကို BTS အဖွဲ့ ဓာတ်ပုံပြခဲ့ပါတယ်။BTS ဓာတ်ပုံကိုမြင်ပြီးနောက် Ryoma Takeuchi က “အပြာရောင်ဆံပင်နဲ့က ဘယ်သူလဲ”လို့ ချက်ချင်း မေးခဲ့ပါတယ်။

ဒီအခါမှာ ဓာတ်ပုံပြတဲ့သူက အဲဒီပုဂ္ဂိုလ်ဟာ Taetae ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီးနောက်မှာတော့ Ryoma Takeuchi က V ရဲ့ Visual ကို ချီးကျူးခဲ့ပါတယ်။

“Taetae က လုံး၀ ချောတာပဲ။ ဒါက နောက်တာ မဟုတ်ဘူး။ Taetae ကို ကျွန်တော် နမ်းတောင်နမ်းနိုင်တယ်။ ဒါက သူဘယ်လောက်ချောတယ်ဆိုတာပဲ”လို့ Ryoma Takeuchi ကဆိုခဲ့တာပါ။

Ryoma Takeuchi ရဲ့ ဖွင့်ဟချက်ကို BTS အဖွဲ့ပရိသတ်တွေကလည်း သဘောကျခဲ့ကြတာ တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page