K pop

■Seo Yeji ဟာ ဝန်ထမ်းတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်သူလို့ ဝန်ထမ်းဟောင်းတစ်ဦး ထုတ်ဖော်

– – – လတ်တလောဖြစ်ပွားနေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းဟောင်းတစ်ဦးက Seo Ye Ji အပေါ်…

မင်းသား Kim Jung Hyun ဟာ Time ဇာတ်လမ်းတွဲရိုက်ကူးတုန်းက မျက်နှာထားတင်းတင်းနဲ့နေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးဇာတ်လမ်းတွဲက နုတ်ထွက်ခဲ့တဲ့အထိပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက Time ဇာတ်လမ်းတွဲမှာ မင်းသမီးနဲ့ လက်ကိုင်၊ ပွေ့ဖက်၊ နမ်းတဲ့အခန်းတွေ မပါဖို့ Seo Ye Ji က Kim Jung Hyun ကို သတိပေးခဲ့တယ်လို့ Dispatch က ဖော်ထုတ်ခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်းသမီး Seo Yeji ဟာ ပရိသတ်တွေများစွာရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ရိုက်ကူးမဲ့ ဇာတ်လမ်းတွဲတွေကနေ နုတ်ထွက်ရတာ၊ ဖျက်သိမ်းရတာတွေလည်း ရှိနေပါတယ်။

ဧပြီလ (၁၄) ရက်နေ့မှာတော့ Seo Yeji ရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်က အတိတ်မှာတုန်းက သူမအနေနဲ့ Seo Yeji ရဲ့ ရိုင်းစိုင်းစွာ ဆက်ဆံမှုကို ခံခဲ့ရကြောင်း Post တင်ရေးသားခဲ့ပါတယ်။ သူမဟာ Seo Yeji ရဲ့ ဝန်ထမ်းဟောင်းဆိုတာ မှန်ကန်တဲ့အကြောင်းကိုလည်း အဆိုပါ Post တင်သူက ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ပါတယ်။

သူမဟာ Seo Yeji နဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ကြောင်း၊ Seo Yeji ဆီက ဆဲရေးတာကို ကြားရတာ ပုံမှန်လိုဖြစ်နေခဲ့ကြောင်း၊ Seo Yeji ဟာ ကားထဲမှာ အမြဲတမ်း ဆေးလိပ်သောက်တတ်ပြီး သူမကို ဆေးလိပ်အမြဲတမ်း ဝယ်ခဲ့ကြောင်း၊ သူမနဲ့ ပတ်သက်တဲ့မကောင်းတဲ့ ကောလဟလတွေ ထွက်ပေါ်လာရင်လည်း ဝန်ထမ်းတွေကို အပြစ်တင်လေ့ရှိကြောင်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် တစ်ခါတုန်းက အမှတ်တရဖြစ်ရပ်တစ်ခုကိုလည်း အဆိုပါ Post တင်သူက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ “တစ်ခါတုန်းက ကျွန်မက ထမင်းစားနေတဲ့တွက် နားနေခန်းကို လိုက်မသွားနိုင်ခဲ့ဘူး။ ဒီမှာပဲ Seo Yeji က ကျွန်မကို အကြိမ်ကြိမ် ဆဲတော့တာပဲ။ တစ်ယောက်ယောက်က ပြန်ပေးဆွဲလို့ မလိုက်လာနိုင်တာလားလို့လည်း မေးခဲ့တယ်”လို့ ဝန်ထမ်းဟောင်း ဆိုသူက ထုတ်ဖော်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page