K pop

■ YouTube စံချိန်မိုင်တိုင်တစ်ခုကို ရရှိခဲ့တဲ့ Suga

— Suga ဟာ YouTube မှာ PSY နဲ့အတူ Korean Male Soloist ဆိုတဲ့ စံချိန်ဂုဏ်ပုဒ်ကို…

Suga ရဲ့ Solo Stage Name ဖြစ်တဲ့ Agust D ဟာ YouTube မှာစံချိန်မိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ ပါတယ်။ Suga ရဲ့ Solo သီချင်းဖြစ်တဲ့ “Daechwita” ဟာ YouTube Like 10 သန်းပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Suga ရဲ့ “Daechwita” ဟာ Korean Soloist တွေထဲမှာ 326 ရက်နဲ့ Like 10 သန်း အမြန်ဆုံးရရှိတဲ့ MV တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ပြီး အခြား စံချိန်တွေအနေနဲ့ Suga ဟာ PSY ပြီးရင် Like 10 သန်းရရှိတဲ့ ဒုတိယ Male Korean Soloist အဖြစ်လည်းစံချိန်တင်ခဲ့သလို Soloist အားလုံးတွေထဲမှာဆိုရင် PSY နဲ့ Jennie ပြီးရင် တတိယ Soloist ၊ Korean Artist တွေအားလုံးထဲမှာဆိုရင် BTS ၊ BLACKPINK ၊ PSY ၊ Jennie ပြီး (၅)ဦးမြောက် Artist လည်းဖြစ်ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page