K pop

■ Rosé နဲ့ ရုပ်ချင်းဆင်လွန်းလို့ BLINK တွေကြား စန်းပွင့်နေတဲ့ အမေရိကန် သွားဆရာဝန်မလေး

– – – သူမဟာ လှုမှုကွန်ရက်မှာ ရေပန်းစားလျက်ရှိနေပြီး….

အမေရိကန်က သွားဆရာဝန်မလေးတစ်ယောက်ကတော့ BLACKPINK အဖွဲ့ဝင် Rose’ နဲ့ ရုပ်ချင်းဆင်တူလို့ ပေါ်ပြုလာဖြစ်လျက် ရှိနေပါတယ်။

Dr. Sarang Choi လို့ အမည်ရတဲ့ သွားဆရာဝန်မလေးဟာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီကပဲ ဖြစ်ပါတယ်။ သူမရဲ့ TikTok ကို BLINKS တွေက တွေ့ရှိသွားချိန်မှာတော့ Rose’နဲ့ ဆင်တူတာကို သတိထားမိသွားခဲ့တာပါ။

သူမကလည်း BLACKPINK ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး မကြာခင်က ထွက်ရှိခဲ့တဲ့ Rose’ ရဲ့ Solo သီချင်း On The Ground ကို ကထားတဲ့ ဗီဒီယိုဖိုင်ဟာ TikTok မှာ View (၄) သန်းကျော်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

လူတွေကသူ့ကို Rose’ နဲ့ ဆင်တူတယ်လို့ မှတ်ချက်ပြုနေကြပေမဲ့ Dr. Sarang Choi ကတော့ သူမဟာ Rose’ နဲ့ တူတယ်လို့ မထင်မှတ်မိကြောင်း မိတ်ကပ်လိမ်းရတာကို ကြိုက်နှစ်သက်တဲ့ သွားဆရာဝန်တစ်ဦးမျှသာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page