K pop

■ တန်ဖိုးကြီး ဇိမ်ခံအိမ်အကောင်းစားတွေကို ပိုင်ဆိုင်ထားကြတဲ့ K-pop Idol များ

– – – သူဌေးသူကြွယ် Idol တွေဖြစ်တဲ့ သူတို့ဟာ ဇိမ်ခံအိမ်အကောင်းစားကြီးတွေကို….

အောင်မြင်ကျော်ကြားတဲ့ K-pop Idol တွေဟာ ချမ်းသာကြွယ်ဝသူတွေဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဒီ K-pop Idol တွေကတော့ တန်ဖိုးကြီး ဇိမ်ခံအိမ် အကောင်းစားတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။

BTS

BTS အဖွဲ့ဝင်တွေဟာ ကန်ဒေါ်လာ (၆.၅) သန်းတန်အဆောက်အဦးမှာ အတူတကွ နေထိုင်ရုံမက အဖွဲ့ဝင်တစ်ဦးချင်းစီကလည်း တန်ဖိုးကြီးဇိမ်ခံအိမ်တွေကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

IU

IU ဟာ ၂၀၁၈ ခုနှစ်တုန်းက ကန်ဒေါ်လာ (၁.၉) သန်းတန်တဲ့ သူမရဲ့ ဒုတိယမြောက်နေအိမ်ကို ဝယ်ယူခဲ့ပါတယ်။ IU ဟာ အဲဒီအိမ်ကို အမေဖြစ်သူ၊ အဘွားတို့နဲ့ အားလပ်ချိန်တွေမှာ သွားရောက်အနားယူတယ်လို့ သိရပါတယ်။

Chenle

NCT အဖွဲ့ဝင် Chenle က တရုတ်နိုင်ငံရဲ့ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာသူ ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားမှာ ဇိမ်ခံအိမ်အကောင်းစားကြီးနဲ့ သီးသန့်နေထိုင်လျက် ရှိပါတယ်။

Krystal

f(x) အဖွဲ့ဝင်ဟောင်း Krystal ဟာ ၂၀၁၆ ခုနှစ်အတွင်း ဟန်မြစ်ကို လှမ်းမြင်ရတဲ့ တန်ဖိုးကြီးအိမ်ကို ဝယ်ယူခဲ့ပါတယ်။ သူမဝယ်ယူစဉ်တုန်းက ကန်ဒေါ်လာ (၂) သန်းတန်ပြီး အဲဒီဒေသကို ပြန်လည်ပြုပြင်ရေး လုပ်ဆောင်ပြီးချိန်မှာတော့ ဒေါ်လာ ၃ သန်းအထိ တန်ကြေးမြင့်တက်သွားတယ်လို့ သိရပါတယ်။ Krystal ဟာ အဲဒီနေအိမ်မှာ ဟန်မြစ်ကို မြင်နေရတဲ့ မြင်ကွင်းအနေအထားကနေ ဓာတ်ပုံတွေရိုက်ပြီး လှုမှုကွန်ရက်ပေါ် တင်လေ့ရှိပါတယ်။

Suzy

နာမည်ကျော် အဆိုတော် Suzy ကလည်း Off The Record အစီအစဉ်မှာ သူမရဲ့ ကန်ဒေါ်လာ (၃) သန်းတန်နေအိမ်ကို ပရိသတ်တွေထံ ချပြခဲ့ပါတယ်။ အဲဒီနေအိမ်အတွင်း အိမ်ခန်း (၄) ခန်း အထိ ပါဝင်ပြီး ပရိသတ်တွေက Suzy ရဲ့အိမ်ကိုမြင်တွေ့ပြီးနောက် အလွန်အံ့အားသင့်လျက် ရှိနေပါတယ်။

Taemin

Taemin ဟာ ၂၀၁၆ ခုနှစ်တုန်းက ကန်ဒေါ်လာ (၃) သန်းတန် နေအိမ်ကို ဝယ်ယူခဲ့ပါတယ်။ နောက်တော့မှ အဲဒီအိမ်က မိဘတွေအတွက် ဝယ်ယူထားတာဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး သူ့ရဲ့ မိဘအပေါ် သိတတ်မှုကို ပရိသတ်တွေက လေးစားခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page