K pop

■ ဧပြီလ Boy Group Member Brand Reputation Rankings မှာ ထိပ်ဆုံးက ဦးဆောင်ခဲ့သူများ

— ဧပြီလအတွက် Boy Group Member Brand Reputation Rankings (၃၀)ဦးစာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

Korean Business Research Institute မတ်လ 17 ရက်နေ့ကနေ ဧပြီလ 17 ရက်နေ့အထိ K-pop Boy Group Member (632)ဦးရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေစတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက်အများဆုံး (သို့) Brand Reputation ဒီစာရင်းကိုထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဒီလမှာလည်း ထိပ်ဆုံးက ပုံမှန်ရပ်တည်နေကြဖြစ်တဲ့ BTS အဖွဲ့ဝင် Jimin က Reputation Index (5,291,477) ရရှိခဲ့ပြီး 28 လဆက်တိုက် ထိပ်ဆုံးမှာဦးဆောင်နိုင်ခဲ့ပါတယ်။ Jimin ရဲ့ နောက် ဒုတိယနေရာမှာ တော့ ASTRO အဖွဲ့ဝင် Cha Eun Woo က Reputation Index (4,822,998) ရရှိခဲ့ပြီး ပြီးခဲ့တဲ့လက သူ့ရဲ့ နေရာကို ထိမ်းသိမ်းနိုင်ခဲ့ပါတယ်။

နံပါတ် (3)မှာတော့ EXO အဖွဲ့ဝင် Baekhyun က Reputation Index (4,745,104) ရရှိခဲ့ပါတယ်။ အခြား BTS အဖွဲ့ဝင်တွေဖြစ်တဲ့ V ၊ Jin ၊ Jungkook ၊ RM နဲ့ Suga တို့ကတော့ 4 နေရာကနေ 8 နေရာအထိကို အစဉ် လိုက်သိမ်းပိုက်ပြီး ရပ်တည်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဧပြီလအတွက် Boy Group Member Brand Reputation (30)ဦးစာရင်း

1# BTS’s Jimin ၊ 2# ASTRO’s Cha Eun Woo ၊ 3# EXO’s Baekhyun ၊ 4# BTS’s V ၊ 5# BTS’s Jin ၊ 6# BTS’s Jungkook ၊ 7# BTS’s RM ၊ 8# BTS’ Suga ၊ 9# WINNER’s Kang Seung Yoon ၊ 10# Super Junior’s Kim Heechul

11# BTS’s J-Hope ၊ 12# BIGBANG’s G-Dragon ၊ 13# EXO’s Chanyeol ၊ 14# SHINee’s Minho ၊ 15# Super Junior’s Eunhyuk ၊ 16# NU’EST’s Minhyun ၊ 17# Shinhwa’s Eric ၊ 18# NCT’s Jaehyun ၊ 19# NCT’s Mark ၊ 20# NCT’s Jungwoo

21# EXO’s Kai ၊ 22# SHINee’s Taemin ၊ 23# ASTRO’s Moonbin ၊ 24# EXO’s Xiumin ၊ 25# NCT’s Jeno ၊ 26# EXO’s Sehun ၊ 27# T1419’s Zero ၊ 28# DRIPPIN’s Alex ၊ 29# T1419’s Sian ၊ 30# SEVENTEEN’s Mingyu

-m2t
Ref: Soompi

 

You cannot copy content of this page