Celebrity

■ လျော်ကြေးငွေ ဝမ်ဘီလီယံနဲ့ချီ ပေးချေရဖို့ရှိနေတဲ့ မင်းသမီး Seo Ye Ji

—- မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး မင်းသမီး Seo Ye Ji ဟာ ပုံရိပ်ပါကျဆင်းခဲ့…

ကိုရီးယားမီဒီယာတွေရဲ့ဖော်ပြချက်အရ မင်းသမီး Seo Ye Ji ဟာ များစွာသော ကြော်ငြာစာချုပ်တွေ ကို ဖောက်ဖျက်လို့ လျော်ကြေးငွေဝမ်ဘီလီယံနဲ့ချီပြီး ပေးရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မင်းသမီး Seo Ye Ji ဟာ ရည်စားဟောင်း မင်းသား Kim Jung Hyun ရဲ့ ရိုင်းပြတဲ့အပြုအမူနဲ့ပတ် သက်ပြီး နောက်ကွယ်ကကြိုးကိုင်သူလို့ Dispatch က ဖော်ထုတ်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေခံရသ လို ဒရာမာ၊ ရုပ်ရှင်ပရော့ဂျက်တွေထဲက နုတ်ထွက်ခဲ့ရသလို များစွာကြော်ငြာတွေရဲ့ ပယ်ဖျက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နာမည်ကြီး AK Beauty’s cosmetic brand ဖြစ်တဲ့ LUNA ၊ New Origin ရဲ့ ‘Inner Flora,’ ၊ Mask Brand ဖြစ်တဲ့ AER တို့ဟာ ပြဿနာတက်ခဲ့ပြီးနောက် Seo Ye Ji ရဲ့ ပရိုမိုးရှင်းနဲ့ လူမှုကွန်တွေမှာ ပယ်ဖျက်ခဲ့ပါတယ်။ နောက်ပြီး မျက်မှန် Brand ဖြစ်တဲ့ RIETI ဟာလည်း Seo Ye Ji ရဲ့ Collaborationg ဗီဒီယိုကို ဖျက်ခဲ့သလို အခြားကြော်ငြာတွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။

ဒီလို နာမည်ကြီး ကုမ္ပဏီတွေက ကြော်ငြာမှုတွေကို ပယ်ဖျက်ခဲ့တာကြောင့် မင်းသမီး Seo Ye Ji အနေနဲ့ စာချုပ်တွေကို ဖောက်ဖျက်လို့ လျော်ကြေးငွေ ဝမ်ဘီလီယံနဲ့ချီ ပေးချေရဖွယ်ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page