– — ဒီမင်းသမီးတွေက Kim Sung Cheol ကို သဘောကျနှစ်သက်ကြောင်း…
Sweet Home နဲ့ နာမည်ကျော်ကြားလာတဲ့ တက်သစ်စမင်းသား Kim Sung Cheol ဟာ သူ့ရဲ့ချစ်စရာကောင်းတဲ့ ပုံစံကြောင့် အနုပညာလောကထဲ လူချစ်လူခင် ပေါများသူဖြစ်ပါတယ်။ သူ့ကို ပရိသတ်တွေကသာမက နာမည်ကျော်မင်းသမီးတွေကလည်း သဘောကျနှစ်သက်တာကို တွေ့မြင်ရမှာပါ။
Kim Yong Ji
Kim Sung Cheol ဟာ တစ်ခါက Sweet Home ဇာတ်ဝင်ခန်း နောက်ကွယ်က ဓာတ်ပုံကို တင်ထားရာမှာတော့ Kim Young Ji က “ဘယ်တော့ ထွက်လာတာလဲ”လို့ Commnet ဝင်ရေးခဲ့ပါတယ်။ Kim Young Ji ဟာ Kim Sung Cheol ရဲ့ Post တွေမှာ Comment ဝင်ရေးနေကြပါ။
Krystal
Kim Sung Cheol ဟာ တစ်ခါတုန်းက အောက်ဖော်ပြပါ ခပ်မိုက်မိုက် Pose ပေးဟန်နဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ဒီအခါမှာတော့ Krystal က ဘာလုပ်နေတာလဲ လို့ မှတ်ချက်ဝင်ရေးခဲ့ပါတယ်။
Park Jin Joo
It’s Okay To Not Be Okay ထဲက Park Jin Joo နဲ့ Kim Sung Cheol တို့ကလည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိသူတွေပါ။ Kim Sung Cheol ရဲ့ ဓာတ်ပုံတစ်ပုံအောက်မှာ Park Jin Joo က “အရမ်းမိုက်တဲ့ကောင်လေးပဲ”လို့ ဝင်ရောက်ရေးသားခဲ့ပါတယ်။
Kim Go Eun
နာမည်ကျော် မင်းသမီး Kim Go Eun ကလည်း Kim Sung Cheol ကို သဘောကျသူတစ်ယောက်ဖြစ်ပြီး Instagram Post မှာ Comment ဝင်ရေးနေကြပါ။ Kim Sung Cheol ရဲ့ Pose ပေးဟန်တွေနဲ့ ပတ်သက်ပြီး Kim Go Eun က ချီးကျူးနေကြ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *