— – – သူတို့အဖွဲ့တွေက ကမ္ဘာကျော်အဆိုတော်နဲ့အတူ ဆန်ခါတင်စာရင်း ဝင်နေတာဖြစ်ပြီး …
လက်ရှိ K-Pop ရဲ့ နာမည်ကျော်အဖွဲ့တွေဖြစ်တဲ့ BTS, BLACKPINK နဲ့ NCT 127 အဖွဲ့တွေဟာ အမေရိကန်ဂီတဆုပေးပွဲတစ်ခုဖြစ်တဲ့ 2021 iHeartRadio Music Awards မှာ ကမ္ဘာကျော်အဆိုတော်နဲ့အပြိုင် ဆန်ခါတင်စာရင်း ဝင်နေပါတယ်။
2021 iHeartRadio Music Awards ဆန်ခါတင်စာရင်းမှာ BTS က ဆု(၄)ဆုအတွက်၊ BLACKPINK က ဆု(၂)ဆုအတွက်နဲ့ NCT 127 က ဆု(၁)ဆုအတွက် ဆန်ခါတင်စာရင်းဝင်နေတာပါ။ သူတို့ရဲ့ ဆန်ခါတင်စာရင်းဝင်နေတဲ့ ဆုတွေကတော့ …
BTS (၄) ဆု – Best Music Video, Best Fan Army, Best Duo/Group of the Year, Favorite Music Video Choreography of the Year
BLACKPINK (၂) ဆု – Best Music Video, Best Fan Army
NCT 127 (၁) ဆု – Best Fan Army
ဆုတွေအတွက် မဲပေးမှုကို မေလ (၁၉)ရက်အထိ ပြုလုပ်နိုင်မှာဖြစ်ပြီး 2021 iHeartRadio Music Awards ဆုပေးပွဲကိုတော့ မေလ (၂၇)ရက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
Ref: Soompi