— – – လူရွှင်တော် Shin Dong Yup ဦးစီးပြီး တင်ဆက်နေတဲ့ အဲဒီမှာ MC အဖြစ် EXO အဖွဲ့ဝင်က …
EXO အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Xiumin ဟာ Channel S ရဲ့ Variety Show တစ်ခုဖြစ်တဲ့ Night With Shin အစီအစဉ်မှာ အမြဲတမ်း MC အဖြစ် ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
SM C&C က ထုတ်လုပ်တဲ့ Night With Shin အစီအစဉ်ဟာ နယ်ပယ်များစွာက နာမည်ကျော်တွေ ဖိတ်ကြားပြီး သူတို့ရဲ့ ဘဝအကြောင်းတွေကို ဆွေးနွေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီအစီအစဉ်ကို Shin Dong Yup က ဦးဆောင်ပြီး လူရွှင်တော်တွေဖြစ်တဲ့ Lee Yong Jin, Park Sun Yong တို့နဲ့အတူ တင်ဆက်နေတာပါ။
Xiumin ဟာ ဒီတစ်ပတ်မှာတော့ Night With Shin အစီအစဉ်မှာ SM Label Mate တွေဖြစ်တဲ့ SNSD အဖွဲ့ဝင် Sunny နဲ့အတူ ဧည့်သည်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ နောက်အပတ်တွေကစပြီး Xiumin ဟာNight With Shin အစီအစဉ်မှာ အမြဲတမ်း MC အဖြစ် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Ref: AKP