K pop

■ Jungkook ကို ဒါမျိုး လာစမ်းလို့ ဘယ်ရမလဲ

– – – BTS အဖွဲ့ရဲ့ အကျပ်အတည်းကို Golden Maknae လေးက ကယ်လိုက်နိုင်ပါတယ်။

iHeartRadio နဲ့ BTS အဖွဲ့ အင်တာဗျူးလုပ်ခဲ့တာကို ပရိသတ်တွေအားလုံး သိပြီးသားပါ။ အဲဒီအင်တာဗျူးဟာ BTS အဖွဲ့ဝင်တွေနဲ့ ပရိသတ်တချို့ရဲ့မေးခွန်းတွေကို ဖြေခဲ့ရပါတယ်။ အဲဒီထဲမှာ မေးခွန်းတစ်ခုက BTS အဖွဲ့ရဲ့ ကကွက်တွေ အကြောင်းပါ။

အင်တာဗျုးသူ Elvis Duran က BTS အဖွဲ့ဟာ ကကွက် (choreography) နဲ့ ပတ်သက်ပြီး ရှုပ်ထွေတတ်သူ၊ အမေ့တတ်ဆုံးသူက ဘယ်သူလဲဆိုပြီး ပရိသတ်တစ်ဦး မေးမြန်းထားကို ပြန်မေးခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေအတွက် အခက်အခဲမရှိတဲ့ မေးခွန်းဖြစ်ပြီး ကိုယ်ထင်ရာကို ကိုယ်ဖြေလိုက်ရုံနဲ့ ပြီးသွားမယ့် မေးခွန်းမျိုးဖြစ်ပါတယ်။

အဲဒီမေးခွန်းက ကြားတဲ့အခါ Suga က ခေါင်းတစ်ဆက်ဆက်ညိတ်ရင်း “သူတို့ (ARMY)တွေ သိပါတယ်”ဆိုပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေခဲ့ပါတယ်။ V က ပြုံးရယ်ရင်းနဲ့ ပရိသတ်တွေကို မပြောကြဖို့ လက်နှစ်ဖက်နဲ့ အချက်ပြပါတယ်။

BTS အဖွဲ့ခေါင်းဆောင် RM ကတော့ Elvis Duran ကို ကြည့်ရင်း “ဒီမေးခွးန်ကို ဒီမှာတင် ဖြတ်လိုက်ပါ”ဆိုပြီး ပြောပါတယ်။

အဲဒီလိုအခက်တွေ့နေတဲ့ BTS အဖွဲ့ကို Golden Maknae Jungkook ကယ်လိုက်ပါတယ်။ Jungkook က “ကျွန်တော်တို့က ပြီးပြည့်စုံသူတွေပါ (We are perfect!)” ဆိုပြီး ခပ်တည်တည်နဲ့ ပြောခဲ့တာပါ။

Jungkook ရဲ့စကားကို Elvis Duran က သဘောကျသွားသလို ARMYs တွေကလည်း သဘောတွေ့ခဲ့ကြပါတယ်။ Jungkook က သူတို့ဟာ အားလုံးအစွမ်းကုန် လေ့ကျင့်ထားသူဖြစ်တယ်ဆိုတာကို သိစေချင်တဲ့ သဘောမျိုးနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြေဟာ BTS နဲ့ အရမ်းလိုက်ဖက်တဲ့ အဖြေဖြစ်တယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

– Cj
Ref: Koreaboo

You cannot copy content of this page