Celebrity

■ Lee Seung Gi ရဲ့ ဒရာမာသစ် “Mouse” မှာ Cast တွေအားလုံးအတည်ပြုပြီဖြစ်

— ရိုက်သမျှ ဒရာမာနဲ့ ဇာတ်ကားတွေပေါက်လေ့ရှိတဲ့ မင်းသားချော Lee Seung Gi ဟာ tvN ရဲ့ ဒရာမာသစ် “Mouse” နဲ့ Comeback ပြန်လာမှာဖြစ်ပါတယ်။

မင်းသား Lee Seung Gi ဟာ “Mouse” မှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုထားတာဖြစ်ပြီး အခုဆို ရင် ဒရာမာရဲ့ အရေးကြီးတဲ့ Cast တွေအားလုံးကို အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

Lee Seung Gi နဲ့အတူ “Mouse” ဒရာမာထဲမှာ မင်းသမီး Park Ju Hyun ၊ Lee Hee Joon ၊ Kyung Soo Jin ၊ Ahn Jae Wook ၊ Kim Jung Nan နဲ့ Block B’s P.O တို့က အဓိက Main Cast တွေဖြစ် ကြပါတယ်။

“Mouse” လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဒရာမာဖြစ်ပြီး မိခင်သန္ဓေအိမ်ထဲမှာ သန္ဓေသားကို DNA Test လုပ်ကာ လူသားတွေကို Psychopaths ဟုတ်၊ မဟုတ် ခွဲခြားနိုင်တဲ့ကမ္ဘာတစ်ခုကို တည်ဆောက်ထားတာပါ။ Lee Seung Gi ဟာ Jung Ba Reum ကာရိုက်တာ ရဲအရာရှိအသစ် ယောက်ဖြစ်ပြီး အမှန်တရားကို လက်ကိုင်ထားတဲ့သူပါ။ တစ်နိုင်ငံလုံးဖိတ်ဖိတ်တုန်အောင်ကြောက် ရတဲ့ အတွဲလိုက်လူသတ်သမားတစ်ဦးနောက်ကိုလိုက်ရင်း သူ့ရဲ့ဘ၀ အနိမ့်အမြင့်ပြောင်းလဲသွားခဲ့ တာဖြစ်ပါတယ်။

မင်းသမီး Park Ju Hyun ကတော့ Oh Bong Yi ကာရိုက်တာဖြစ်ပြီး သုံးဖက်စုံဖိုက်တာတစ်ဦးဖြစ်သ လို Lee Seung Gi ရဲ့ အိမ်နီးချင်းဖြစ်ကာ အသေးအဖွဲ့ကအစ စကားများတတ်ကြတဲ့သူတွေဖြစ်ပါ တယ်။ မင်းသား Lee Hee Joon ကတော့ ငယ်စဉ်က မိဘတွေဟာ လူသတ်သမားရဲ့ သတ်ခြင်းကို ခံလိုက်ရပြီး ကလဲ့စားချေဖို့အတွက် ဥပဒေကိုတောင် ဂရုမစိုက်တတ်တဲ့ စုံထောက် Go Moo Chi ကာရိုက်တာဖြစ်ပါတယ်။

မင်းသမီး Kyung Soo Jin က “Sherlock Hong Joo.” အစီအစဉ်ရဲ့ PD Choi Hong Jo အဖြစ် သရုပ်ဆောင်မှာဖြစ်သလို မင်းသား Ahn Jae Wook က ခွဲစိတ်ပါရဂူ Han Seo Joon ၊ မင်းသမီး Kim Jung Nan က Sung Ji Eun ရဲ့ ဇနီးဖြစ်သူ၊ Block B’s P.O က Go Moo Chi ရဲ့ လက်အောက်မှာ အလုပ်လုပ်တဲ့ တက်သစ်စ စုံထောက်နေရာမှာ သရုပ်ဆောင်မှာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page