– – -BLACKPINK အဖွဲ့ဝင် Rose’ ဟာ အချစ်တော်ခွေးလေး Hank နဲ့ ပတ်သက်ပြီ…
BLACKPINK အဖွဲ့ဝင် Rose’ ဟာ သူမရဲ့ အချစ်တော်ခွေးလေး Hank ကို အလွန်ချစ်နှစ်သက်သူတစ်ယောက် ဖြစ်ပါတယ်။
Rose’ ဟာ တလောတုန်းက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေရဲ့ မေးခွန်းတွေကိုဖတ်ကာ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ယောက်က Rose’ ရဲ့ ဂရုစိုက်မှုကို ခံရတာ Hank အတွက်အလွန်ကောင်းမှာပဲလို့ ဆိုခဲ့ပါတယ်။
ဒီမေးခွန်းကို စစချင်း Rose’ က သိပ်ကောင်းတာပေါ့ လို့ဆိုကာ အရွှန်းဖောက်ပြီး ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်မှာတော့ Rose’ ဟာ သူမအနေနဲ့ Hank ဆီကနေ အချေခံရတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရိုးရိုးသားသား ပြောရရင် သူမဂရုစိုက်တာကို Hank က အနှောင့်အယှက်ဖြစ်ပုံပေါ်ကြောင်း၊ Hank က ချစ်စရာကောင်းလွန်းလို့ မြူတဲ့အခါတိုင်း Hank က သူမကို မကြိုက်တဲ့ပုံစံပြကြောင်း၊ ဒါပေမဲ့ သူမအနေနဲ့ Hank ကို ချစ်ခင်မြဲဖြစ်ကြောင်း Rose’ က ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *