K pop

■ BTS ကြောင့် အမှတ်တရကောင်းတွေ ပိုင်ဆိုင်ခဲ့ကြဖူးတဲ့ ဂျူနီယာ K-pop Idol များ

– – – ဒီ ဂျူနီယာ Idol တွေဟာ သူတု့ိအားကျရတဲ့ BTS အဖွဲ့ဝင်တွေနဲ့ ဆုံတွေ့ခဲ့တဲ့အခါ….

BTS အဖွဲ့ဟာ ဒီနေ့အချိန်မှာတော့ ကမ္ဘာတစ်လှမ်းလုံးအနှံ့ သူတို့ရဲ့အောင်မြင်မှုက ကြီးမားနေပြီဖြစ်ပါတယ်။ ဒါကြောင့် K-pop နယ်ပယ်အတွင်းမှာ BTS ကို လေးစားအားကျသူတွေ၊ Role Model အဖြစ် ထားရှိသူတွေ များစွာ ရှိနေကြပါတယ်။

Younghoon (The BOYZ)

The BOYZ အဖွဲ့ဝင် Younghoon ဟာ BTS အဖွဲ့ရဲ့ အမာခံပရိသတ်ဖြစ်ပြီး အထူးသဖြင့် V က သူ့ရဲ့ Role Model ဖြစ်ပါတယ်။ တစ်ခါတုန်းက Music Bank တစ်ခုမှာ V နဲ့ Younghoon တို့ ဆုံခဲ့ဖူးပါတယ်။ Younghoon ဟာ V ကို တွေ့ခဲ့ချိန်မှာ နှုတ်ဆက်ခဲ့ရာမှာတော့ V က ပြန်ပြုံးပြလိုက်ချိန်မှာ Younghoon တစ်ယောက် အလွန်ဝမ်းသာသွားခဲ့ရပါတယ်။

Arthur (KINGDOM)

KINGDOM အဖွဲ့ဝင် Arthur ကလည်း BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jimin နဲ့ Jungkook တို့ကို လေးစားအားကျသူဖြစ်ပါတယ်။ တစ်ခါတုန်းက ရုပ်သံလွှင်ဌာနတစ်ခုမှာ Arthur နဲ့ Jimin တို့ဆုံခဲ့ဖူးပါတယ်။ Arthur အနေနဲ့ အိမ်သာအသွားမှာ Jimin ကို တွေ့လိုက်ရချိန်မှာတော့ အလွန်အံ့အားသင့်ခဲ့မိကြောင်း ပါးစပ်ကနေ ကယောင်ကတမ်းတောင် ထွက်ခဲတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Hyunjin (Stray Kids)

Hyunjin ကလည်း Live ထုတ်လွှင့်မှုတစ်ခုမှာ Suga နဲ့ ဆုံတွေ့ခဲ့တဲ့ မမေ့နိုင်စရာ အခိုက်အတန့်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီတုန်းက BTS အဖွဲ့ အကြိုလေ့ကျင့်မှု ပြုလုပ်နေချိန်ဖြစ်ပြီး Hyunjin ကို တွေ့လိုက်ချိန်မှာ Suga က ဖိနပ်ကြိုးဖြည်နေတယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီနောက် Hyunjin ဟာ သူ့အနေနဲ့ အတိုင်းမသိ ဝမ်းသာခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Isaac (IN2IT)

Isaac ဟာ တစ်ခါတုန်းက BTS ရဲ့ Idol MV ကို Reaction ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် Live ထုတ်လွှင့်မှုတစ်ခုမှာ BTS နဲ့ Isaac တို့ ဆုံခဲ့ပါတယ်။ ဒီအခါမှာ BTS အဖွဲ့ဝင်တွေက သူတို့အနေနဲ့ အဲဒီ Reaction Video ကို တွေ့မြင်ခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း Isaac က ဖွင့်ဟခဲ့ပါတယ်။ ပန်းရောင်ဆံပင်အရောင်ကြောင့် သူ့ကိုသတိထားမိတဲ့အကြောင်း BTS အဖွဲ့ဝင်တွေက ဆိုလိုက်ရာမှာ သူ့အနေနဲ့ တုပ်လှုပ်ပြီးစိတ်လှုပ်ရှားခဲ့ရတယ်လို့ Isaac က ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page