K pop

■ အနုပညာသမားဘဝနဲ့ ပတ်သက်လို့ G-Dragon ရဲ့ ခံယူချက်

— – – သူ့ရဲ့ဒီဇိုင်း၊ သူ့ရဲ့ပါရမီ၊ သူ့ရဲ့ဖန်တီးမှုတွေနဲ့ ပတ်သက်လို့ G-Dragon က….

K-Pop ဂန္ထဝင် BIGBANG အဖွဲ့ရဲ့ခေါင်းဆောင် G-Dragon ကို King of K-Pop အဖြစ် တင်စားကြပါတယ်။ အဲဒီလို တင်စားလောက်ရလောက်အောင်လည်း K-Pop နဲ့ ကိုရီးယားအနုပညာနဲ့ ဖက်ရှင်လောကမှာ G-Dragon ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာက ကြီးမားလွန်းပါတယ်။

အနုပညာသမားဘဝကို ဆယ်စုနှစ်(၂)နီးပါး ဖြတ်သန်းလာတဲ့ G-Dragon က သူ့ရဲ့ ဖန်တီးမှုတွေ၊ စတိုင်လ်တွေနဲ့ ပတ်သက်လို့ ပုံရိပ်တွေကို ဦးစွာစဉ်းစားလေ့ရှိတယ်လို့ ဆိုပါတယ်။

G-Dragon က “အဝတ်အစားတွေကို ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ်။ ထူးဆန်းတဲ့ အရာတိုင်းမှာ သူ့အကြောင်းနဲ့ သူ ရှိတာချည်းပါပဲ။ ကျွန်တော့်အနေနဲ့ ဘာကြိုက်တယ်။ ဘာက ကိုယ်နဲ့ ပိုလိုက်ဖက်တယ်ဆိုတာကို ကြိုးစားနိုင်ပါတယ်။ ကြိုးစားတယ်ဆိုတာထက် ကိုယ်နဲ့ ပိုအဆင်ပြေတာမျိုးပေါ့”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ သူက “စတိုင်လ်တွေက အမြဲတမ်းပြောင်းလဲနေတာပါ။ ဒါပေမဲ့ ကိုယ့်နဲ့ အလိုက်ဖက်ဆုံးက ဘာဆိုတာကို ဆုံးဖြတ်ပြီးတာနဲ့ အရာအားလုံးက ကျွန်တော့်အတွက် သက်သောင့်သက်သာဖြစ်သွားတာချည်းပါပဲ။ ဒါကို ဘယ်လို ပြောရမလဲဆိုတော့ တစ်စုံတစ်ခုက ကိုယ့်အပိုင်ဖြစ်သွားတဲ့အခါ အဆင်ပြေတာမျိုးလို့ ပြောရမယ်ထင်ပါတယ်။ အဲဒီအခါမျိုးမှာ Trend ဆိုတာကို ဂရုစိုက်စရာမလိုပါဘူး။ ကိုယ်ကြိုက်တာကို ကိုယ် ဖန်တီးရုံပါပဲ”လို့ ဆိုပါတယ်။

BIGBANG အဖွဲ့နဲ့ G-Dragon ရဲ့ သီချင်းသစ်တွေကို ပရိသတ်တွေ မျှော်လင့်နေတာ အတော်ကြာပါပြီ။ G-Dragon ကတော့ လက်ရှိမှာ သူ့အနေနဲ့ BIGBANG နဲ့ပတ်သက်တဲ့ ဂီတသစ်တွေ ဖန်တီးနေတယ်လို့ ဆိုထားပါတယ်။

Ref: W Korea

You cannot copy content of this page