K pop

■ သင်တန်းသားတစ်ယောက်အတွက် တစ်နှစ်ကို BigHit ဘယ်လောက် အသုံးပြုသလဲ ?

— – – ကိုရီးယားက Entertainment တွေရဲ့ သင်တန်းသားတစ်ယောက်အတွက် တစ်နှစ်အသုံးစရိတ်က ဘယ်လောက်များ ရှိမလဲ ?

BTS က K-Pop မှာ အောက်ခြေကစပြီး အောင်မြင်လာတဲ့ အဖွဲ့အဖြစ် နာမည်ကြီးပါတယ်။ အဲဒီလို ဖြစ်ရလောက်အောင်လည်း သူတို့ဟာ အတော်လေးကို ရုန်းကန်ခဲ့ရတာပါ။ BigHit တည်ထောင်သူ Bang Shi Hyuk ကတော့ အမျိုးသားအဖွဲ့တွေအတွက် ရင်းနှီးမြှုပ်နှံရာမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ Bang Shi Hyuk က သင်တန်းသားတစ်ယောက်အတွက် တစ်နှစ်ကို BigHit ဘယ်လောက် အသုံးပြုသလဲဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

Bang Shi Hyuk ရဲ့အဆိုအရ သူတို့အေဂျင်စီဟာ သင်တန်းသားတစ်ယောက်အတွက် တစ်နှစ်ကို ဝမ်သန်း (၁၂၀) (ကန်ဒေါ်လာ ၁၁၀၀၀၀) အသုံးပြုတယ်လို့ ဆိုပါတယ်။ BigHit မှာတော့ အဲဒီငွေကို Bang Shi Hyuk တစ်ဦးတည်းက စိုက်တာလို့ သိရပါတယ်။

ဒါတွေက K-Pop အေဂျင်စီတွေအနေနဲ့ သင်တန်းသားတစ်ယောက်အတွက် တစ်နှစ်ကို ပျမ်းမျှအသုံးစရိတ်ဖြစ်ပြီး လေ့ကျင့်ခန်းတွေ၊ သင်တန်းတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။ နိုင်ငံခြား လေ့ကျင့်ရေးတွေကို ပို့မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကုန်ကျမှာ ဖြစ်ပါတယ်။

ဝမ်သန်း (၁၂၀)က လေ့ကျင့်ရေးသီးသန့်အတွက် ကုန်ကျငွေဖြစ်ပြီး Dorm မှာ နေထိုင်စေတာမျိုးလည်း ရှိပြီး အဲဒါက သီးသန့်ကုန်ကျဦးမှာပါ။ အေဂျင်စီတွေလိုက်ပြီး သင်တန်းသားဘဝမှာ Dorm မှာ နေထိုင်သူတွေ ရှိသလို၊ နေအိမ်ကလာပြီး လေ့ကျင့်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပွဲထွက်ဖို့အတွက် အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သင်တန်းသားတွေဟာ Dorm မှာ အတူတကွနေထိုင်ရမှာဖြစ်ပြီး အဲဒီအချိန်က တစ်နှစ်ခွဲလောက်က ကြာမြင့်တယ်လို့ ဆိုပါတယ်။

K-Pop ရဲ့ ကြီး (၃)ကြီးဖြစ်တဲ့ SM, YG, JYP နဲ့ BigHit တို့မှာတော့ သင်တန်းသားကာလ အသုံးစရိတ်တွေကို အေဂျင်စီက ကုန်ကျခံတာဖြစ်လို့ သင်တန်းသားတွေအနေနဲ့ ပွဲထွက်ပြီး အမြတ်ငွေရတာနဲ့ ဝင်ငွေရရှိပေမဲ့ အေဂျင်စီအများစုမှာတော့ Idol တွေဟာ အဲဒီအသုံးစရိတ်တွေကို အောင်မြင်လာမှ ပြန်လည်ပေးချေရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

Ref: Koreaboo

You cannot copy content of this page