– – – Jo In Sung ဟာ EXO အဖွဲ့ဝင် D.O. နဲ့ Lee Kwang Soo တို့ကို အလွန်ချစ်သူဖြစ်ပြီး သူတို့နဲ့ အပန်းဖြေခရီးထွက်ရတာကို နှစ်သက်ပေမယ့် ဒါကြောင့် တော်တော်ရုန်းကန်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
Jo In Sung၊ D.O. နဲ့ Lee Kwang Soo တို့ဟာ အလွန်ချစ်ကြတဲ့ ညီအစ်ကိုတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပြီး သူတို့ဟာ အပန်းဖြေခရီးတွေကို မကြာခဏထွက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ Jo In Sung က D.O. နဲ့ သူ့အကြားမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခုရှိပြီး ဒါကအတော်ရုန်းကန်ရတဲ့ အခက်အခဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ (၃) ယောက်စလုံးက ခရီးသွားရတာကို ကြိုက်သလို အစားအသောက်နှစ်သက်ရာမှာလည်း တူပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေမှာတော့ ကျွန်တော်တို့က တော်တော်ကွာခြားပါတယ်”
– Jo In Sung
Jo In Sung က ရှုခင်းလေးတွေကြည့်ရင်း လမ်းလျှောက်ရတာ D.O. ကတော့ လမ်းလျှောက်ရတာကို မနှစ်သက်ပါဘူးတဲ့။ Jo In Sung က လမ်းလျှောက်ဖို့ ပြောပေမယ့် D.O. က Taxi ငှားလိုက်တာချည်းပဲလို့ Jo In Sung က ဆိုပါတယ်။
“ကျွန်တော် Bae Sung Woo နဲ့ခရီးသွားရင် ကျွန်တော်တို့က လမ်းလျှောက်ရတာကို နှစ်သက်သူတွေဖြစ်လို့ တစ်နေကုန် လမ်းလျှောက်နေတတ်ပါတယ်။ ဒါပေမဲ့ D.O. ကတော့ လမ်းလျှောက်ရတာကို မုန်းတယ်ဗျ။ ကျွန်တော်တို့က လမ်းလျှောက်ချင်ပေမယ့် D.O. က Taxi စီးလေ့ရှိပြီး သူနဲ့အတူ Lee Kwang Soo ကလည်းပါသွားတတ်ပါတယ်”
– Jo In Sung
ဒါ့အပြင် Jo In Sung က Lee Kwang Soo နဲ့ဆိုရင်တော့ အဝတ်အစားရွေးချယ်တာနဲ့ ပတ်သက်ပြီး သူတို့ကြားမှာ အကြိုက်ချင်းမတူဘူးလို့ ဆိုခဲ့ပါတယ်။
– ဃဲ
Ref: Koreaboo