– – – Lisa အနေနဲ့ ဇွန်လအတွင်း Solo Debut ပြုလုပ်တော့မယ်လို့ ထိုင်းမဂ္ဂဇင်းက ဖော်ပြခဲ့ပြီး..
မကြာခင်အချိန်တုန်းက ထိုင်းမဂ္ဂဇင်းဖြစ်တဲ့ Harper’s Bazaar Thailand က သူတို့ရဲ့ Instagram မှာ BLACKPINK အဖွဲ့ဝင် Lisa အနေနဲ့ ဇွန်လအတွင်း တစ်ကိုယ်တော်ပွဲထွက်တော့မှာလို့ ဖော်ပြခဲ့ပါတယ်။
ဒီသတင်းဟာ Rose’ ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အောင်မြင်ပြီးနောက် Lisa ရဲ့ တစ်ကိုယ်တော်ပွဲထွက်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်စရှား ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး YG Entertainment ကတော့ တိတိကျကျ ထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ YG ဟာ Lisa အနေနဲ့ Album အတွက် ကြိုးပမ်းနေပေမဲ့ ဘယ်အချိန် ထွက်ရှိမလဲဆိုတာ တိတိကျကျထုတ်ပြန်ခဲ့ခြင်း မရှိတာပါ။
BLACKPINK အဖွဲ့ထဲမှာ Jennie နဲ့ Rose’တို့က တစ်ကိုယ်တော်ပွဲထွက်ပြီးပြီဖြစ်ပြီး Lisa က တတိယမြောက် တစ်ကိုယ်တော်ပွဲထွက်မဲ့ အဖွဲ့ဝင်ဖြစ်လာမှာ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *