K pop

■ Twitter မှာ ကမ္ဘာ့တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့တဲ့ Jungkook

— SNS King ရဲ့ စံချိန်တွေဟာ တစ်ခုပြီးတစ်ခုဖြစ်ပြီး အခုလည်း ကမ္ဘာ့တစ်ဦးတည်းသော ပုဂ္ဂိုလ်ဆို တဲ့ ဂုဏ်ပုဒ်ကို…

BTS အဖွဲ့ရဲ့ အငယ်ဆုံးလေး Jungkook ဟာ Twitter မှာ နောက်ထပ်စံချိန်တစ်ခုကို တင်ခဲ့ပြန်ပါပြီ။ မကြာသေးခင်က BTS Official Twitter အကောင့်မှာ Jungkook တင်ခဲ့တဲ့ “아미 보고 싶다 ㅜ” (ARMY တွေသတိရတယ်) ဆိုတဲ့ ပို့စ်ဟာ Retweet လုပ်မှု (1)သန်းကျော်သွားခဲ့တယ်လို့ သိရပါ တယ်။

ဒါကြောင့် Jungkook ဟာ Twitter မှာ Retweet (1)သန်းကျော်ပို့စ် (6)ခုပိုင်ဆိုင်တဲ့ ကမ္ဘာ့တစ်ဦး တည်းသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ Jungkook ရဲ့ ပို့စ် (6)ခုစလုံးဟာ Twitter သမိုင်းတစ်လျှောက် Retweet အများဆုံး Top 30 စာရင်းထဲမှာပါဝင်နိုင်ခဲ့တာဖြစ်ပြီး Jungkook ကို ကမ္ဘာ့တစ်ဦးတည်းသော Cele ပုဂ္ဂိုလ်ဖြစ်စေခဲ့တာဖြစ်ပါတယ်။

Jungkook ဟာ Twitter မှာ ”Never Not 💜” ပို့စ်နဲ့ Retweet အများဆုံး ပထဆုံး K-pop Idol အဖြစ် စံချိန်စတင်ခဲ့ပြီး နောက်ထပ် “Duh 😛” ပို့စ်၊ “Savage Love #SavageLoveRemix” ပို့စ်၊ “😙” ပို့စ်၊ “셀프 염색 🙂 #JJK” (Self-dyeing #JJK) ပို့စ်၊ “아미 보고 싶다 ㅜ”ပို့စ်တွေဟာ အနည်းဆုံး Retweet (1)သန်းကျော်တွေဖြစ်ခဲ့ကာ အမေရိကန်သမ္မတ အိုဘားမား စတဲ့ ကမ္ဘာကျော်တွေနဲ့အတူ Twitter သမိုင်းမှာ စံချိန်တွေတင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page