K pop

■ Social Distancing စည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေး ခံနေရတဲ့ Jennie

– – – Jennie ဟာ Paju ကို သူမရဲ့အဖွဲ့နဲ့ သွားရောက်ရာမှာ လူ (၅) ဦးထက် ပိုခဲ့တာကြောင့်…

ဧပြီလ (၁၉) ရက်နေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ သတင်းပေးသူ A ဟာ BLACKPINK အဖွဲ့ဝင် Jennie အနေနဲ့ Social Distancing စည်းမျဉ်းကို ချိုးဖာက်ခဲ့တယ်လို့ ဆိုပါတယ်။

“သူမဟာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ကျွန်တော် သိရပါတယ်။ လက်ရှိအချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”လို့ အဆိုပါသတင်းပေးသူ A က ဆိုခဲ့ပါတယ်။

Jennie ဟာ လူ (၅) ဦးထက်ပိုစုခဲ့တာကြောင့် ဒဏ်ကြေးပေးဆောင်ခိုင်းရမှာဖြစ်ကြောင်း မြို့အရာရှိနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းပေးသူ A က ဆက်လက်ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ YG Entertainment ကတော့ Jennie ဟာ အဆိုပါနေရာကို You Tube အတွက် ဗီဒီယိုတစ်ခု ရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ကြောင်း၊ စည်းမျဉ်းတွေအရ စီးပွားရေးကိစ္စနဲ့ သွားရောက်ရင် လူ (၅) ဦးထက်ပိုစုလို့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page