K pop

■ BTS အဖွဲ့မှာ အငိုသန်ဆုံးကောင်လေးက ဘယ်သူလဲ ?

— – – သူ့အတွက် Suga ပေးထားတဲ့ မက်ဆေ့ခ်ျက အချိုမြိန်ဆုံး ဖြစ်ပါလိမ့်မယ်။

ကမ္ဘာကျော် BTS အဖွဲ့ဟာ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပြီး အောင်မြင်မှုဆီကို လျှောက်လှမ်းခဲ့ရတဲ့လမ်းက သူတို့အတွက် ခက်ခဲကြမ်းတမ်းပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ BTS အဖွဲ့ဝင်တွေဟာ သူတို့အဖွဲ့မှာ စိတ်ခံစားမှုအလွယ်ဆုံးနဲ့ အငိုသန်ဆုံးအဖွဲ့ကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။

မဲအများဆုံးရရှိသူကတော့ အငယ်ဆုံးလေး Jungkook ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုကို ခွဲခွာပြီး အနုပညာလောကကို ရောက်ရှိလာတဲ့ Jungkook က မျက်ရည်လွယ်သူလို့ BTS အဖွဲ့ဝင်တွေက ဆိုပါတယ်။

Jungkook က “Concerts ပွဲတွေအပြီးမှာ မျက်ရည်ကျတတ်သလို၊ မိသားစုအကြောင်းကို ပြောတဲ့အခါမှာလည်း မျက်ရည်ကျတတ်ပါတယ်။ ပြီးတော့ တစ်ခါတလေ အဖွဲ့ဝင်တွေအကြောင်းနဲ့ ပရိသတ်တွေအကြောင်းကို တွေးမိတဲ့အခါမျိုးမှာလည်း ငိုရတာပါပဲ”လို့ ဆိုပါတယ်။

Jungkook ရဲ့ ပြောဆိုမှုအပြီးမှာတော့ Suga က ညီဖြစ်သူအတွက် အသည်းခိုက်စရာ အားပေးစကားကို ပြောဆိုခဲ့ပါတယ်။ သူက “ငိုတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ ကြိတ်မငိုနဲ့(ငါတို့ ရှိတယ်)”လို့ ပြောဆိုခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page