— – – King of K-Pop ကို ရလိုက်တာဟာ သူတို့အတွက် အလွန်ဂုဏ်ယူစရာပါလို့ …
ကိုရီးယားရဲ့ National Shampoo လို့ နာမည်ကြီးတဲ့ TS Shampoo ဟာ BIGBANG အဖွဲ့ရဲ့ ခေါင်းဆောင် G-Dragon ကို သူတို့ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဒါကြောင့် G-Dragon ဟာ ကမ္ဘာကျော် တောင်ကိုရီးယားဘောလုံးသမား ဆွန်ဟောင်မင်၊ မင်းသား Lee Jang Woo တို့နဲ့အတူ TS Shampoo ရဲ့ လှုပ်ရှားမှုတွေ၊ အရောင်းမြှင့်တင်ရေးတွေမှာ ပါဝင်လာတော့မှာပါ။
TS Group က G-Dragon ကို မော်ဒယ်အဖြစ် ရွေးချယ်လိုက်တာဟာ သူ့ရဲ့တည်ရှိမှုနဲ့ ဘယ်သူမှမယှဉ်နိုင်တဲ့ သူရဲ့ ပါရမီကြောင့်လို့ ဆိုပါတယ်။
G-Dragon ဟာ TS Shampoo ရဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံအတွက် လှုပ်ရှားမှုတွေမှာ အဓိကဦးဆောင်သွားမှာဖြစ်ပြီး သူ့ကြောင့် အနာဂတ်မှာ ဈေးကွက်ပိုမိုကျယ်ပြန့်လာမယ်လို့ TS Group က ယုံကြည်နေပါတယ်။
Ref: Naver