K pop

■ Cha Eunwoo ရဲ့ နောက်ဆုံးနောင်တ

— – – အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ နောင်မှ ရတတ်တဲ့ နောင်တတရားက Cha Eunwoo ကို လွှမ်းခြုံထား …

ASTRO အဖွဲ့ဝင် Cha Eunwoo ဟာ ESQUIRE Korea နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အဖွဲ့ရဲ့ Full Album ဖြစ်တဲ့ All Yours အကြောင်းနဲ့ သူ့ရဲ့နောက်ဆုံးနောင်တကို ပြောပြခဲ့ပါတယ်။

ESQUIRE Korea ရဲ့ အင်တာဗျူးသူက ခုတလော တစ်ခုခုနဲ့ပတ်သက်ပြီး နောင်တမျိုးများရှိသလားလို့ Cha Eunwoo ကို မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Cha Eunwoo က “ကျွန်တော့်ရဲ့ နောက်ဆုံးပေါ် နောင်တကတော့ All Yours ကို Recording လုပ်တဲ့အခါ ပိုကောင်းအောင် ကျွန်တော် လုပ်ခဲ့သင့်တယ်ဆိုတာပါပဲ”လို့ ဆိုပါတယ်။

Cha Eunwoo ဟာ All Yours Album ကို Recording လုပ်နေစဉ်အတွင်း ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ ရာနှုန်းပြည့်အနေအထားမရှိဘဲ ချောင်းဆိုးနေခဲ့တာကြောင့် အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“All Yours ကို Recording သွင်းတုန်းက ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေကြောင့် ကျွန်တော်ဟာ အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော် အရမ်းကို ချောင်းတွေ ဆိုးနေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အဲဒီထက်ပိုပြီးကောင်းအောင် လုပ်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့တာကို ကျွန်တော် နောင်တရပါတယ်”လို့ Cha Eunwoo က ဆိုပါတယ်။

Ref: Koreaboo

You cannot copy content of this page