K pop

■ တစ်ပတ်ခွင့်ရရင် Cha Eunwoo ဘာလုပ်မလဲ

— – – ကျော်ကြားမှုအတွက် ပေးလိုက်ရတာက ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အားလပ်ချိန်တွေပါ … Cha Eunwoo ကတော့ …

ASTRO အဖွဲ့ဝင် Cha Eunwoo ဟာ ESQUIRE Korea နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မေးခွန်းပေါင်းများစွာကို ဖြေခဲ့ပြီး အဲဒီထဲမှာ သူ့အနေနဲ့ တစ်ပတ်သာ ခွင့်ရက်ရရင် ဘာလုပ်ချင်တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

Cha Eunwoo ဟာ အဆိုတော်ဘက်မှာရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်တာကြောင့် သူ့ရဲ့ Schedule ဟာ အမြဲပြည့်နှက်တတ်ပြီး အလုပ်က ဖိအားတွေကို လျှော့ချဖို့အတွက် လိုအပ်နေပါတယ်။

Cha Eunwoo ကတော့ တစ်ပတ်လောက်သာ ခွင့်ရမယ်ဆိုရင် “ကျွန်တော် ခရီးထွက်သင့်တယ်”လို့ ဆိုပါတယ်။ ဒါပေမဲ့ Cha Eunwoo က ခရီးကို တစ်ဦးတည်း ထွက်ချင်သူတော့ မဟုတ်ပါဘူး။

“ခရီးကို တစ်ယောက်တည်းတော့ မသွားချင်ပါဘူး။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ ဖြစ်ဖြစ်၊ အလုပ်က ဝန်ထမ်းတွေနဲ့ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး”လို့ Cha Eunwoo က ဆိုပါတယ်။

ဒါ့အပြင် Cha Eunwoo က ခရီးထွက်ဖို့အတွက် နေရာကို အဓိကမဟုတ်ဘဲ နိုင်ငံခြားဖြစ်ဖြစ်၊ ကိုရီးယားမှာပဲဖြစ်ဖြစ် အဓိကကတော့ သူ ငြိမ်အေးစွာနဲ့ အနားယူနိုင်ဖို့နဲ့ ရှုခင်းကောင်းကောင်းတွေကို ခံစားနိုင်ဖို့ပဲလို့လည်း ပြောဆိုခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page