K pop

■ ရင်သားကင်ဆာဖြစ်နေတဲ့ မိခင်ကြောင့် ဝမ်းနည်းနေတဲ့ Girls’ Generation အဖွဲ့ဝင်

— – – မိခင်ဖြစ်သူရဲ့ ရောဂါအကြောင်း ဖွင့်ဟပြောတဲ့အခါ သူ့ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ အိုင်ထွန်း …

K-Pop ရဲ့ ဂန္ထဝင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Yuri ဟာ MBN ရဲ့ Eat More အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မိခင်ဖြစ်သူ ရင်သားကင်ဆာရောဂါ ခံစားနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ခုတလော အမေ နေမကောင်းဖြစ်နေပါတယ်။ လောလောဆယ်တော့ ကျန်းမာပါတယ်။ ကျွန်မ Girls’ Generation အဖွဲ့ရဲ့ ပရိုမိုရှင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ အမေက ရင်သားကင်ဆာကို ကြိတ်ကုနေခဲ့တာပါ။ အမေ ရင်သားကင်ဆာဖြစ်နေတာကို မသိတာ ကျွန်မ တစ်ယောက်ပါပဲ”လို့ Yuri က ဆိုပါတယ်။

အဲဒီစကားကို ဖွင့်ပြောချိန်မှာ Yuri ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝေသီနေခဲ့ပြီး Eat More အစီအစဉ်က တင်ဆက်သူတွေက သူ့ကို နှစ်သိမ့်ခဲ့ကြပါတယ်။

Yuri ရဲ့ မိခင်ဖြစ်သူဟာ ရင်သားကင်ဆာကို ကုသမှု ခံယူနေဆဲဖြစ်ပြီး မိသားစုတွေကလည်း သူ့ရဲ့ ကျန်းမာရေးကို ဂရုတစိုက်နဲ့ စောင့်ရှောက်နေတယ်လို့ သိရပါတယ်။

Ref: AKP

You cannot copy content of this page