K pop

■ အဖွဲ့ဝင် (၉)ဦး အပြည့်အစုံနဲ့ TWICE အဖွဲ့ Comeback လုပ်မယ့်သတင်းကို JYP တုံ့ပြန်

— – – အဖွဲ့ဝင်အပြည့်အစုံနဲ့ TWICE အဖွဲ့ Comeback လုပ်မယ်ဆိုတဲ့ သတင်းကို JYP Entertainment က …

ဧပြီလ (၁၉)ရက်မှာ Star News က TWICE အဖွဲ့ဟာ လာမယ့်ဇွန်လမှာ Comeback လုပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့က အဖွဲ့ဝင် (၉)ဦးစလုံးဟာ Comeback လုပ်မယ်လို့လည်း ဆိုပါတယ်။

အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာပဲ JYP Entertainment ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီသတင်းဟာ အမှန်ဖြစ်ကြောင်း NewsN ကို အတည်ပြုခဲ့တာပါ။

သူက “TWICE အဖွဲ့အနေနဲ့ ဇွန်လမှာ Comeback လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်ကြောင်း၊ TWICE အဖွဲ့ဝင်တွေဟာ ဂျယ်ဂျူးကျွန်းမှာ Music Video ရိုက်ကူးနေကြောင်း၊ သူတို့အနေနဲ့ TWICE အဖွဲ့ အသင့်ဖြစ်တဲ့အခါ Comeback အစီအစဉ်ကို ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း”ပြောဆိုခဲ့ပါတယ်။

TWICE အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတုန်းက Eyes Wide Open ဆိုတဲ့ Full Lenght Album နဲ့ Comeback လုပ်ထားတာ ဖြစ်ပါတယ်။

TWICE အဖွဲ့ဟာ လာမယ့် မေလ (၁၂)ရက်နေ့မှာ Kura Kura ဆိုတဲ့ ဂျပန် Single သီချင်းတစ်ပုဒ်ကို ထုတ်ဝေသွားမှာပါ။

Ref: KSL

You cannot copy content of this page