— – – ဒီလိုဖြစ်ရပ်မျိုးက ကြုံတောင့်ကြုံခဲဖြစ်ပြီး ဒါမျိုးကြုံတဲ့သူတွေအတွက်တော့ အသည်းနာစရာကောင်းမှာ …
Youth with You 3 အစီအစဉ်မှာ သင်တန်းသားတစ်ဦးဖြစ်တဲ့ Liu Jun က သူ ပြိုင်ပွဲဝင်နေစဉ်အတွင်း ဖခင်ဖြစ်သူ ဆုံးပါးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ Liu Jun ဟာ တတိယမြောက် မဲပေးမှုမှာ (၅)မဲပဲ ရရှိခဲ့တာကြောင့် မျက်ရည်ကျခဲ့ပြီး သူရဲ့ ဖျော်ဖြေမှုဟာ ဖခင်ဖြစ်သူအတွက် နောက်ဆုံးသီချင်းအဖြစ် ရည်ညွှန်းကြောင်းလည်း ဆိုခဲ့တာပါ။
ဆက်ပြီးတော့ သူက ပြိုင်ပွဲမ၀င်ဘဲ ဖခင်ဖြစ်သူရဲ့ ဘေးနားမှာ နေခဲ့သင့်ကြောင်း၊ သူ့အနေနဲ့ ပြိုင်ပွဲဝင်ခဲ့တာကို နောင်တရကြောင်း စသဖြင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ စကားကို နားထောင်ပြီးနောက်မှာ Lisa ဟာ Liu Jun ကို နှစ်သိမ့်ခဲ့ပြီး မတ်လ (၂၇)ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာပဲ အဖိုးဖြစ်သူ ကွယ်လွန်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
Lisa အနေနဲ့ အလုပ်တွေများလွန်းတာကြောင့် အဖိုးဖြစ်သူကို နောက်ဆုံးနှုတ်ဆက်စကားတောင် မဆိုနိုင်ခဲ့ဘူးလို့လည်း ပြောဆိုခဲ့ပြီး အားတင်ထားတဲ့ကြားက မျက်ရည်တွေ ကျခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ Lisa က “အဖိုးဟာ ကျွန်မနဲ့အတူ ထာဝရရှိနေမယ်လို့ ခံစားရပါတယ်။ မောင်လေးရဲ့ အဖေလည်း မောင်လေးနဲ့အတူ ထာဝရ ရှိနေပါလိမ့်မယ်။ ဒီတော့ မိသားစုတွေအတွက် ကျွန်မတို့ ကြိုးစားကြတာပေါ့”လို့ အားပေးခဲ့ပါတယ်။
Lisa လို ဖြစ်ရပ်မျိုး ကြုံခဲ့ဖူးသူက Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဖြစ်ပြီး သူ့ရဲ့မွေးနေ့မှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် အတော်လေးကို အခက်တွေ့ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။
Ref: KSL