K pop

■ နာမည်ကျော်မင်းသား Gong Yoo ကို မျက်ရည်လည်စေတဲ့ IU ရဲ့ ဖျော်ဖြေမှုတစ်ခု

— – – IU ရဲ့ အဲဒီ Performance ကြောင့် Gong Yoo တစ်ယောက် မျက်ရည်မကျအောင် မနည်းထိန်းလိုက်ရပါသတဲ့ …

IU ရဲ့ Palette အပိုင်းတစ်ခုမှာ ကိုရီးယားနာမည်ကျော်မင်းသား Gong Yoo က အထူးဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူဟာ IU ရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အဲဒီအပိုင်းမှာ အထူးဧည့်သည်အတွက် Live မဖျော်ဖြေခင်မှာ IU က Jung Jae Il နဲ့အတူ ဖျော်ဖြေခဲ့တဲ့ By The Stream သီချင်းဖျော်ဖြေမှုကို သဘောကျတယ်လို့ ကြားရတာဟာ တကယ်လားလို့ Gong Yoo ကို မေးမြန်းခဲ့ပါတယ်။

အဲဒါကို Gong Yoo က “By The Stream သီချင်းကို ခင်ဗျား ဖျော်ဖြေတာ မြင်တုန်းက ကျွန်တော် မျက်ရည်လည်ခဲ့တာပါ။ မငိုမိဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေတာပါ”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ “အဲဒီသီချင်းက ကျွန်တော့်ရင်ထဲကို လာထိတယ်။ သီချင်းနဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး မငိုမိဖို့ အတော်ရုန်းကန်ခဲ့ရတာပါ။ အဲဒီဖျော်ဖြေမှုကို မြင်တော့ ကျွန်တော် တုန်လှုပ်သွားတယ်”လို့ Gong Yoo က ဆက်ပြောပါတယ်။

အဲဒီနောက်မှာတော့ IU ဟာ By The Stream သီချင်းကို Gong Yoo အတွက် ဖျော်ဖြေပေးခဲ့ပြီး သီချင်းပြီးဆုံးသွားတဲ့အခါ Gong Yoo ဟာ မတ်တပ်ရပ်လက်ခုပ်တီးအားပေးကာ “အခုလို IU ကိုယ်ပိုင် သူ့ရှေ့မှာ ဖျော်ဖြေတာကို နားခွင့်ရတာဟာ သူ့အတွက် အရမ်းဂုဏ်ယူစရာဖြစ်တယ်”လို့ ဆိုခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page