K pop

■ ချစ်ရတဲ့ ကောင်မလေးဆီမှာ အငြင်းခံခဲ့ရတဲ့ အမျိုးသား Idols များ (၂)

– – – ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသား Idols တွေအနေနဲ့ မိန်းကလေးတွေဆီမှာ အငြင်းခံခဲ့ရတယ်ဆိုရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ချစ်ရသူဆီမှာ အငြင်းခံရပြီး အသည်းခွဲခဲ့ရတဲ့ Idols တွေ ရှိနေပါတယ်။ သူတို့ ကိုယ်တိုင်ဝန်ခံထားကြတာပါ။

Henry


Henry ဟာ ကနေဒါမှာတုန်းက ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးပြီး အဲဒီကောင်မလေးနဲ့ (၇) နှစ်ကြာအောင် လက်တွဲခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းအဆုံးသတ်က လုံးဝမလှခဲ့ပါဘူး။ Henry ရဲ့ အဲဒီချစ်သူကောင်မလေးဟာ Henry ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူနဲ့ ဖောက်ပြန်နေခဲ့ပြီး သူတို့နှစ်ယောက်ပေါင်းကာ Henry ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

Kyuhyun (Super Junior)


Super Junior အဖွဲ့ဝင် Kyuhyun ကတော့ ဆေးရုံက သူနာပြုဆရာမလေးတစ်ယောက်ကို ချစ်ခဲ့မိတယ်လို့ ဆိုပါတယ်။ Kyuhyun ဟာ ကားမတော်တဆဖြစ်ပြီး ဆေးရုံတက်နေစဉ်အတွင်း သူ့ကို ပြုစုခဲ့တဲ့ သူနာပြုဆရာမလေးကို ချစ်မိခဲ့တာဖြစ်ပြီး တစ်ရက်မှာတော့ သတ္တိမွေးကာ သူနာပြုဆရာမလေးဆီက ဖုန်းနံပါတ်တောင်းခဲ့ပါသတဲ့။ ဒါပေမဲ့ သူနာပြုဆရာမလေးက သူ့မှာ ချစ်သူရှိတယ်ဆိုပြီး ငြင်းခဲ့တာကြောင့် Kyuhyun တစ်ယောက် ကြေကွဲခဲ့ရပါတယ်။ တစ်နေ့မှာတော့ Kyuhyun ဟာ Super Junior အဖွဲ့ရဲ့ ပရိသတ်လက်မှတ်ရေးထိုးပွဲတစ်ခုမှာ Eunhyuk ရဲ့ လက်မှတ်ကိုရဖို့ စောင့်နေတဲ့ အဲဒီသူနာပြုဆရာမလေးကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ZICO (Block B)


Block B အဖွဲ့ဝင်ဟောင်း ZICO ဟာ ကျော်ကြားတဲ့ အမျိုးသမီးတစ်ယောက်ကို ချစ်မိလို့ နှစ်ကြိမ်တိုင်တိုင် ချစ်ရေးဆိုခဲ့ပေမယ့် နှစ်ကြိမ်စလုံးအငြင်းခံခဲ့ရတယ်လို့ Show တစ်ခုမှာ ဝန်ခံခဲ့ဖူးပါတယ်။

V (BTS)


V ဟာ အထက်တန်းကျောင်းသားဘဝမှာ ကောင်မလေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးတွေရွာနေတဲ့ တစ်နေ့မှာတော့ V ဟာ သတ္တိတွေစုပြီး ကောင်မလေးကို သူ့ရဲ့အချစ်တွေ ဖွင့်ပြောဖို့ ဖုန်းခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းကြောင့် မသေချာဘဲ ကောင်မလေးဟာ ဖုန်းမကိုင်ခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက်မှာတော့ V ဟာ ရင်နာနာနဲ့ပဲ သူ့ရဲ့အချစ်တွေကို ရင်ထဲ သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။

G-Dragon (BIGBANG)


G-Dragon ဟာ BIGBANG ရဲ့ အစောပိုင်းက သီချင်းတစ်ပုဒ်မှာ J ဆိုတဲ့ စာသားကို ဒဏ္ဍာရီဆန်ဆန်ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ J ဟာ G-Dragon ရဲ့ အချစ်ဦးကို ရည်ညွှန်းတဲ့ စာလုံးဖြစ်နေခဲ့ပါတယ်။ G-Dragon ဟာ BIGBANG အဖွဲ့နဲ့ ပွဲမထွက်ခင်တုန်းက Kim Jinah ဆိုတဲ့ ကောင်မလေးကို ချစ်မိခဲ့တယ်လို့ ဆိုပါတယ်။ G-Dragon ဟာ အဲဒီကောင်မလေးကို ချစ်ရေးဆိုခဲ့ပေမယ့် Kim Jinah က သူ့မှာ ရည်စားရှိတာကြောင့် သူငယ်ချင်းလိုပဲ နေရအောင်လို့ G-Dragon ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တစ်နေ့မှာ G-Dragon မှာ ပန်းစည်းလေးတစ်စည်းကိုင်ပြီး မိုးရေထဲမှာ စောင့်နေခဲ့ပေမယ့်အရာမထင်ခဲ့ပါဘူးတဲ့။ ကောင်မလေးက အိမ်လိပ်စာအလွဲကို ပေးခဲ့တာပါတဲ့။ ဒါ့အပြင် လူမှုကွန်ရက်တွေမှာ စက်တင်ဘာ (၁၉)ရက်နေ့ကျရောက်တဲ့ Kim Jinah ရဲ့ မွေးနေ့အတွက် G-Dragon ဆုတောင်းပေးခဲ့တာတွေ ရှိနေသလို This Love သီချင်းက September 19, is your birthday ဆိုတဲ့ စာသားဟာ G-Dragon အနေနဲ့ သူ့ရဲ့အချစ်ဦးကို ရည်ညွှန်းတဲ့စာသားဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page